29.4 C
Yangon

ပုလဲ၊ ရွှေဘို၊ ချောင်းဦးနှင့် အင်းတော်ကြီးမြို့တို့တွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်သား ၅၇ ဦးသေဆုံး

Must read

ရန်ကုန်၊ မေ ၁၄

စစ်ကိုင်းတိုင်း ပုလဲ၊ ရွှေဘို၊ ချောင်းဦးနှင့် ကချင်ပြည်နယ် အင်းတော်မြို့နယ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက မိုင်းခွဲပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၅၇ ဦး ထက်မနည်းသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ ပုလဲမြို့နယ်တွင် စစ်သား ၁၃ ဦးသေဆုံး
=======================
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်၊ လက်ပါးစေ ပျူစောထီးတပ်ဖွဲ့များနှင့် ပြည်သူ့တော်လှန်ရေးတပ်မတော် PRA ကြား မေလ ၁၃ ရက်နှင့် ၁၄ ရက်နေ့ တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း PRA က သတင်းထုတ်ပြန်သည်။အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများ စစ်ကြောင်းထိုးရာ လမ်းကြောင်းကို PRA က မိုင်းအလုံး ၄၀ ကျော်ဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ကာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ပြည်သူ့တော်လှန်ရေးတပ်မတော် ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ကြောင်း PRA က ထုတ်ပြန်ထားသည်။ရွှေဘိုတွင် စစ်သား ၆ ဦး ထက်မနည်းသေဆုံး
===========================
စစ်ကိုင်းမြို့မှ တဆင့် ရွှေဘို မြို့ အနီးသို့ မဟာမိတ်များနှင့် ပူးပေါင်းတိုက်ခိုက်ရန် စစ်ကြောင်းချီလာသော Black Wolf – Pdf အဖွဲ့ဝင်များသည် ကျေးရွာတရွာအနီး တွင် ဝင်ရောက်နားနေစဥ် ကျေးရွာအား မီးရှို့ရန် လာရောက်သော စကစတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုများရှိကြောင်း၊ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုများတွင်လည်း စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့များသည် သေဆုံးဒဏ်ရာရစစ်သားများကို ပြန်လည်ဆွဲယူသွားကြောင်း၊ စစ်သားသေဆုံးမှု ၆ ဦး မှ ၁၀ ဦးကြား ရှိနိုင်ကြောင်း Black Wolf – PDF အဖွဲ့က ထုတ်ပြန်ထားသည်။
ချောင်းဦးတွင် စစ်သား ၂၀ ဦးခန့်သေဆုံးနိုင်
========================
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် မန္တလေးဘက်မှ တက်လာသော စစ်ကောင်စီတပ်ဖွဲ့၏ အံစာတုံး ကား ၂ စီးကို ကွေးပင်တောနှင့် ဘိုးမြင်းကြီးကင်းကြားရှိ တံတားပေါ်တွင် ယနေ့ မေလ ၁၄ ရက် နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်အချိန် ချောင်းဦး PDF နှင့် မဟာမိတ်တပ်ဖွဲ့များက မိုင်းခွဲတိုက်ခိုက်ရာ အံစာတုံးကား ၁ စီးမှာ မိုင်းထိပြီး လမ်းဘေးချောက်ထဲ ထိုးကျသွားကြောင်း၊ စစ်သား ၂၀ ဦး ခန့် သေဆုံးနိုင်ကြောင်း ချောင်းဦး PDF ကသတင်းထုတ်ပြန်သည်။အဆိုပါ မိုင်းခွဲတိုက်ခိုက်မှုကို ချောင်းဦး PDFနှင့် အတူ ချောင်းဦးမြို့နယ်တော်လှန်ရေးတပ် Chaung U Revolution Army(CRA)၊ Farmer Revolution Force CHU(FRF)၊ Black Eagle Defense Force MMU၊ ကန္တာရသိန်းငှက်၊ CDSOM၊ Myinmu Civil Revolution Fore(CRF)၊ ဇာမဏီတပ်ဖွဲ့ Chaung U RevolutionArmy2 တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အင်းတော်ကြီးမြို့တွင် စစ်သား ၁၈ ဦးသေဆုံး
=========================
ကချင်ပြည်နယ် အင်းတော်မြို့၊ ညောင်ပင်နှင့် နန့်ဒေါင်းဆယ်အကြားတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို အင်းတော်ကြီး PDF က ယနေ့ နေ့လယ် ၁၂ နာရီတွင် မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၈ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရကြေင်း အင်းတော်ကြီး PDF ထံမှ သိရှိရသည်။ယမန်နေ့ညတွင်လည်း နန့်ပတဲနှင့် လွဲမွန်ကြားတွင် စစ်ကောင်စီတပ်ဖွဲ့ကို KIA၊ PDF ပူးပေါင်းတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရခဲ့ကြောင်းအင်းတော်ကြီးPDF က သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်နှင့် မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article