29.4 C
Yangon

ခင်ဦးတွင် ယနေ့ နံနက်အစောပိုင်း မိုင်းမိ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံး ၊ ယင်းမာပင်တွင် စစ်ကား မိုင်းဆွဲခံရပြီး မီးလောင်

Must read

ရန်ကုန်၊ မေ ၁၅

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်နှင့် ယင်းမာပင်မြို့နယ်တွင် ယနေ့နံနက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းမိပြီး သေဆုံးထိခိုက်မှုများရှိကြောင်း ဒေသကာ ကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

မေလ ၁၅ ရက်နေ့ နံနက် ၅ နာရီ ၂၀ မိနစ်အချိန် ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာဘက်မှ ရေဦးသို့ ထွက်လာသော ဆိုင်ကယ်တစ်စီးလျှင် စစ်သား ၂ ဦးနှုန်းဖြင့် ဆိုင်ကယ်အစီး(၂၀)ခန့်ပါ စစ်ကြောင်းကို ခင်ဦးKSOအဖွဲ့က အင်းပတ်ကွေ့ အရောက် ရှေ့ထွက်မိုင်း (၃)လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၁၀စီး ခန့် နေရာတင်လဲကျ၍ ကျန် ဆိုင်ကယ်များ ဝရုန်းသုန်းကားဖြစ်ကြကြောင်း၊ ယင်းနောက် အင်းပတ်ကွေ့တွင် ခြေလျင်ဖြန့်ကာ သေနတ်များ ရမ်းသမ်းပစ်ခတ်ကြကြောင်း သိရှိရသည်။

ယင်းနောက်ယနေ့ နံနက်၈ နာရီ ၂၀ မိနစ်အချိန် ခင်ဦးမြို့နယ် ရွှေယမင်း ကျေးရွာသို့ အကြမ်းဖက် စစ်တပ် အင်အား ၁၀၀ ဝန်းကျင် ရောက်ရှိလာသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်း၊ မိုင်းဆွဲခံရသော အင်းပတ်ကွေ့အနီးတွင်လည်း စစ်တပ်က လာသမျှ ကားများကို ရပ်တန့်စေပြီး မိုင်းဆွဲခံထားရသော စစ်သားအလောင်းများနှင့် လူနာများကို တင်ဆောင်ခိုင်းနေကြောင်း သိရှိရသည်။

အလားတူ ယင်းမာပင်မြို့နယ်တွင်လည်း ယနေ့ နံနက်ပိုင်း စစ်ကောင်စီကား မိုင်းမိပြီး မီးလောင်သွားကြောင်း၊ မိုင်းမိသွားသဖြင့် စစ်တပ်က အနီးအနားရှိ ရွာသာယာကျေးရွာကို မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်မှ ရဲကားနှင့်စစ်ကားများ။ (ပုံအဟောင်းဖြစ်သည်)

Photo – Anadolu Agency

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article