ရန်ကုန်၊ မေ ၁၅
ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင် အရှေ့ခြမ်း ရွာပေါင်းစုံသပိတ်ကို ကျေးရွာလူထု အင်အားကောင်းကောင်းဖြင့် ၄၃၁ ရက်မြောက်နေ့အဖြစ် “Please! Sanction MOGE”၊ “ဖိနှိပ်မှုနဲ့နေသားမကျနဲ့ တော်လှန်ခြင်းဖြင့် အောင်ပွဲဆင်ကြ” စာသားကို ကိုင်ဆောင်ကာ အကြမ်းဖက်ဖက်ဆစ်စစ်တပ်ကို ဆန့်ကျင်ချီတက်မှု မေ ၁၅ ရက်တွင် ပြုလုပ်ခဲ့သည်။



