ရန်ကုန်၊ မေ ၁၅
ချမ်အေးသာစံ၊ မုံရွာ၊ နတ်မောက်၊ ဘီးလင်း၊ ပင်းတယ၊ ရွာငံတို့တွင် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး၊ ကြံ့ဖွတ်ပါတီဝင်၊ ဒလန်ဟုသတ်မှတ်ခံရသူနှင့် ပျူစောထီးများစုစုပေါင်း ၉ ဦး သတ်ဖြတ်ခံရကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။ စစ်ကိုင်းတိုင်း မုံရွာမြို့ နတ်လူထိပွန် သိင်္ဂီရပ်နေ စစ်ကောင်စီ သတင်းပေး ဒလန် စိန်ဝင်း ၊ မကွေးတိုင်း နတ်မောက်မြို့နယ် ပေပင်ကုန်းကျေးရွာရှိ ပျူစောထီးအဖွဲ့ဝင် မြင့်စိုး(နှာနီမြင့်စိုး)နှင့် မွန်ပြည်နယ် ဘီးလင်းမြို့ ဒေါင်းရပ်ကျေးရွာအုပ်စု ရွှေအင်ဒုံကျေးရွာရှိ ပျူစောထီးခေါင်းဆောင် အောင်ဖြိုးတို့ကို တော်လှန်ရေး အင်အားစုအသီးသီးက မေ ၁၄ ရက်နေ့တွင် ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။ မုံရွာမြို့ နတ်လူထိပွန်၊ သိင်္ဂီရပ်နေ စစ်ကောင်စီ သတင်းပေးဒလန် စိန်ဝင်းကို ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်အချိန်တွင် ရှင်းလင်းခဲ့ကြောင်း MONYWA SPECIAL ဒိတ်ဒိတ်ကြဲမှ သတင်းထုတ်ပြန်သည်။ ထို့ပြင် မကွေးတိုင်း နတ်မောက်မြို့နယ်၊ ပေပင်ကုန်းကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီလက်ကိုင်တုတ်အဖြစ် ဆောင်ရွက်နေသော ပျူစောထီးအဖွဲ့ဝင် မြင့်စိုး(နှာနီမြင့်စိုး) ကို မေ ၁၄ ရက် နေ့လယ် ၁၂ နာရီအချိန်တွင် ရှင်းလင်းခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် မှ သတင်းထုတ်ပြန်သည်။ အဆိုပါ နှာနီ မြင့်စိုးသည် ပြည်သူများအပေါ် ခေါင်းပုံဖြတ် အနိုင်ကျင့်လျက်ရှိသည့်အပြင် တော်လှန်ရေးအင်အားစုများ တည်နေရာကို လိုက်လံပြသခြင်းများ ပြုလုပ်နေခြင်းကြောင့် သုတ်သင်ရှင်းလင်းရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထို့ပြင် မွန်ပြည်နယ် ဘီးလင်းမြို့ ဒေါင်းရပ်ကျေးရွာအုပ်စု ရွှေအင်ဒုံကျေးရွာရှိ ကြံ့ဖွတ်ပါတီဥက္ကဌ ပျူစောထီးခေါင်းဆောင် အောင်ဖြိုးကို ယနေ့ မွန်းလွဲ ၂ နာရီ ၅၄ မိနစ် အချိန်ခန့်တွင် ဦးခေါင်းသို့ ကျည်ဆန် ငါးထောင့် ပစ်သွင်းကာ ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။ရှမ်းပြည်နယ်၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်ရှိ စစ်ကောင်စီသတင်းပေး ပျူစောထီးဆိုသူများကို ရှမ်းတောင်မဟာမိတ်အဖွဲ့များဖြစ်သည့် ပင်းတယမြို့ပြပြောက်ကျားအဖွဲ့(UPG)၊ ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( YPDF ) နှင့် ဂျိုးဖြူပြောက်ကျားတပ်ဖွဲ့ ( JPDF) အဖွဲ့များက တိုက်ခိုက် ရှင်းလင်းကြောင်း သိရှိရသည်။ အရှင်းခံရသူများမှာ မိုးမြင့်သူ၊ စိန်ကျော်ဝင်း၊ ဖေဝင်း၊ ကိုဦးနှင့်အေးစိုးတို့ဖြစ်ကြောင်း သိရှိရသည်။ မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊၃၈လမ်း၊၈၇လမ်းနှင့်၈၈လမ်းကြားတွင် မေလ၁၅ရက်နေ့ နံနက်၈နာရီ၄၀မိနစ်ခန့်အချိန် ပျော်/နောက်ရပ်ကွက်မှ စစ်ကောင်စီခန့် ရာအိမ်မှူးကြည်လင်းအသက် ၆၂ နှစ် စက်ဘီးစီးလာစဉ် ဆိုင်ကယ်ဖြင့် အမည်မသိ အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကြည်လင်း နေရာတွင်ပင် သေဆုံးသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- တိုက်ခိုက်ခံရပြီး သေဆုံးသွားသူများ။



