22 C
Yangon

ဖယ်ခုံမြို့နယ်၊ ဆောင်နန်ခဲကျေးရွာအနီး စစ်ကောင်စီတပ်မှ ကရင်နီပူးပေါင်းတပ်ဖွဲ့ကို လက်နက်ကြီးပစ်ကူများ၊ လေကြောင်းပစ်ကူများဖြင့် တိုက်ခိုက်နေ၊ စစ်သား ၁၀ ဦး ခန့် သေဆုံးနိုင် PDF ၁ ဦး ကျဆုံး

Must read

ရန်ကုန်၊ မေ ၁၅

ရှမ်း-ကရင်နီအစပ်၊ ဖယ်ခုံမြို့နယ်၊ ဆောင်နန်ခဲကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များသည် ကရင်နီပူးပေါင်းတပ်ဖွဲ့များကို ယနေ့ မေလ ၁၅ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယနေ့တွင် လေကြောင်းပစ်ကူများ၊ လက်နက်ကြီးပစ်ကူများ ပစ်ခတ်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေပြီး အပြန်အလှန်ပစ်ခတ်မှုများအတွင်း စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးနိုင်သလို PDF ၁ ဦး ကျဆုံးကြောင်း သတင်းရရှိသည်။

“တိုက်ပွဲက မနေ့ညကတည်းက စဖြစ်တာ၊ ဆောင်နန်ခဲရွာ အရှေ့ဘက် တောင်ကြောပေါ်ထိုးတက်လာတာ၊ သူတို့ တောင်ကုန်း ၁ ခု ရတော့ အဲဒီနေရာမှ ညအိပ်ပြီး ဒီမနက် ဆက်ထိုးလာတာ။ မနက်က ကျနော်တို့ နဲ့ အပြန်အလှန် ပစ်ကြတယ်။ တမနက်လုံး ပစ်တာ သူတို့ဘက်က ၁၀ ယောက်လောက် သေနေပြီ။ ပြီးတော့ လက်နက်ကြီး ပစ်ကူတယ်၊ ကျနော်တို့နဲ့ ပူးပေါင်းတိုက်နေတဲ့ အဖွဲ့က ၁ ယောက်ကျတယ်၊ ၂ ယောက် ဒဏ်ရာရတယ်” ဟု ဖယ်ခုံ PDF တပ်ရင်း ၂ တပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

စစ်ကောင်စီကို စွန့်ခွာကာ CDM ပြုလုပ်ပြီး အကြမ်းဖက်စစ်တပ်ကို ပြန်လည်တိုက်ခိုက်နေသော No.1008 Infantry-Southern Shan တပ်ရင်းမှ ရဲဘော် ချစ်ကောင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း တပ်ရင်း ၁၀၀၈ က သတင်းထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီသည် လေကြောင်းမှလည်း ရဟတ်ယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်နေပြီး ဆက်လက်ကာ စစ်ကြောင်းထိုးလာကြောင်း ဖယ်ခုံ PDF တပ်ရင်း ၂ ရဲဘော်က ဆက်လက်ပြောဆိုသည်။

မိုးဗြဲအင်းအရှေ့ဘက်ကမ်း ထီရိကျေးရွာရှိ စစ်ကောင်စီနှင့် PNO ပူးပေါင်းစခန်း တိုက်ခိုက်ရှင်းလင်းခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သည် အင်အားများဖြည့်တင်းကာ ကရင်နီပူးပေါင်းတပ်ဖွဲ့ကို ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။

ဓါတ်ပုံ – ကရင်နီပူးပေါင်းတပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်နေသော စစ်ကောင်စီ၏ ရဟတ်ယာဉ် ၁ စီး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article