မယ်ရီလန်း၊ မေ ၁၅
မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော Camp ထဲမှ မြန်မာများအရေး တွေ့ဆုံညှိနှိုင်း (Engagement)ရန် ကိုယ်စားလှယ် စေလွှတ်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးဒေါ်ဇင်မာအောင်က ပြောကြားသည်။
“ဟိုတစ်နေ့က ဆန္ဒပြတဲ့၃၀ ကျော်ကို ပြန်လွှတ်ပေးတယ်။ ၂ယောက်တော့ ကျန်သေးတယ်။ camp ထဲက လူတွေရဲ့ပညာရေးအတွက် မလေးရှားကို လူလွှတ်ပြီး engagementလုပ်မယ်။ မလေးရှားနဲ့ ဆွေးနွေးမှုကောင်းတယ်”ဟု ဒေါ်ဇင်မာအောင်က ဆိုသည်။
မြန်မာပြည်ဖွားမိသားစုများနှင့် အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ် Savageရှိ Bethel Christian Academy တွင် ယနေ့(မေလ၁၅ရက်) တွေ့ဆုံစဥ် ၄င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“မလေးရှားက NUG ကိုအလေးထားဆက်ဆံရမယ်လို့ပြောသွားတယ်”ဟု ၄င်းက ဆိုသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah နှင့် NUG နိုင်ငံ ခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့ မေလ ၁၄ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုတွင် အလွတ် သ ဘော တွေ့ဆုံ ကြကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက လူမှုကွန်ရက်မှတ ဆင့် သတင်းထုတ်ပြန်ထားသည်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မြန်မာပြည်သူများ ၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ထောက်ခံကြောင်း ၊ ဒီမိုကရေစီ လမ်း ကြောင်းပေါ် ပြန်သွားရေး မလေးရှားက ဆက်လက်ထောက်ခံရပ်တည်ကြောင်း ထုတ်ဖော်ပြောဆိုသည်။
နိုင်ငံခြားရေးဝန်ကြီး ၂ ဦး တွေ့ဆုံပွဲတွင် လက်ရှိ အခြေအနေများ၊ တိုးတက်မှုများ အပေါ် အမြင်ချင်းဖလှယ်ကြပြီး NUG နိုင်ငံခြားရေးဝန်ကြီး က လက်ရှိ NUG ကြုံတွေ့ရသည့် စိန်ခေါ်မှုများ အမြင်များကို ဖလှယ်ခဲ့ကြောင်း၊ မြန်မာ ဒုက္ခ သည်များအတွက် လူသားထောက်ထားမှု အကူအညီများ၊ နည်းပညာဆိုင်ရာသင်တန်းများ၊ ပညာရေး အကူအညီများနှင့်ပတ်သက်၍လည်း ဆွေးနွေးကြ ကြောင်း သိရှိရသည်။