ရန်ကုန်၊ မေ ၁၆
အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် အမေရိကန်ရောက် မြန်မာများ တွေ့ဆုံပွဲကို အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ် Savageရှိ Bethel Christian Academy တွင်မေလ ၁၅ ရက်နေ့(မြန်မာစံတော်ချိန် မေလ ၁၆ ရက်နေ့) တွင်ကျင်းပပြုလုပ်ပြီး ဝန်ကြီးဒေါ်ဇင်မာအောင်က လက်ရှိအခြေအနေများကို ရှင်းလင်းပြောဆိုသွားသည်။