28 C
Yangon

နေပြည်တော် အကြမ်းဖက်စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ထောက်ခံပွဲနှင့် ပြည်ပ စွက်ဖက်မှု ရှုတ်ချပွဲ လူတန်းစီနေစဉ် ဗုံး ၂ လုံးပေါက်ကွဲ၊ ကြံ့ဖွတ်အများဆုံးတက်

Must read

ရန်ကုန်၊ မေ ၁၆

နေပြည်တော်တွင် ယနေ့ နံနက်ပိုင်း အကြမ်းဖက်စစ်ကောင်စီက စီစဉ်ကျင်းပသည့် ငြိမ်းချမ်းရေးထောက်ခံပွဲနှင့် ပြည်ပစွက်ဖက်မှု ရှုတ်ချပွဲအတွက် လူစုဆောင်း တန်းစီနေစဉ် ဗုံးပေါက်ကွဲကြောင်း ဒေသခံများနှင့် နေပြည်တော် သတင်းရင်းမြစ်Naypyi Taw Revolution News-NRNက သတင်းဖော်ပြသည်။

မေလ ၁၆ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ရန်အောင်မြင်နှင့် လယ်ဝေးမြို့နယ်ကြားတွင်ရှိသော အမျိုးသမီးရေးရာဌာနရှေ့တွင် အကြမ်းဖက်စစ်တပ်ထောက်ခံပွဲအတွက် ကြံ့ဖွတ်အမာခံများ လူစုပြီးစီတန်းနေစဥ် ဗုံး ၂ လုံးဖောက်ကွဲခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဗုံးပေါက်တာတော့ ကြားတယ်။ အသံဗုံးလို့လည်းပြောတယ်။ လူထိ၊ မထိ မသိဘူး။ စစ်တပ်ထောက်ခံပွဲတော့ မပျက်ဘူး။ အဲဒီပွဲ လုပ်သွားတာ ဟုတ်တယ်” ဟုဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေး လမ်းစဉ် ထော က်ခံပွဲနှင့် ပြည်ပ စွက်ဖက်မှု ဆန့်ကျင်ရေးပွဲများကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ပြုလုပ်ရန်ရှိနေပြီး ယနေ့ နေပြည်တော်တွင် ပထမဆုံး ပွဲထွက် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အဓိက အားဖြင့် ကြံ့ဖွတ်ပါတီဝင်များက ဦး ဆောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- နေပြည်တော်တွင် ယနေ့ နံနက်ကျင်းပသည့် စစ်တပ်၏ ငြိမ်းချမ်းရေး လမ်းစဉ် ထောက်ခံပွဲ။

Photo – Naypyitaw Gazette

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article