28 C
Yangon

ရက္ခိုင်တပ်တော် AA နှင့် NUG အစိုးရ တာဝန်ရှိသူများတွေ့ဆုံ၊ စစ်အာဏာရှင် တော်လှန်ရေးအတွက် အောင်အတိတ်အောင်နမိတ်ဟုဆို၊ ပလက်၀တွင် စစ် တပ် ရဟတ် ယာဉ်ကို AA က ပစ်ခတ်ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်

Must read

ရန်ကုန်၊ မေ ၁၆

အမျိုးသားညီညွတ်ရေးအစိုးရနှင့် ရက္ခိုင်တပ်တော် AA တို့ ယနေ့ တွေ့ဆုံကြပြီး AA ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နှင့် ဒေါက်တာညိုထွန်းအောင်တို့ ဦးဆောင်ပြီး NUG အစိုးရဘက်မှ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဦးမင်းကိုနိုင် ဦးဆောင်ကြောင်း NUG က သတင်းထုတ်ပြန်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်ဇင်မာအောင်၊ ဦးမင်းကိုနိုင်တို့ဦးဆောင်သော အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၊ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ညိုထွန်းအောင်တို့ ဦးဆောင်သည့် ရက္ခိုင်ပြည်သူ့အစိုးရ တို့အကြားတွင် ယနေ့ မေလ ၁၆ ရက်နေ့ မနက်ပိုင်းတွင် ၂ နာရီကြာ အွန်လိုင်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပျက်နေသော နိုင်ငံရေး အခြေအနေများ၊ တိုင်းပြည်၏ အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ နှစ်ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်အကြား အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း၊ ထိုအတူ အမျိုးသားညီညွတ်ရေးအစိုးရဖက်က လက်ရှိလုပ်ဆောင်လျက်ရှိသော အခြေအနေများ၊ အခင်းအကျင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

“တကယ့်ကို အင်အားကြီးတဲ့ တိုင်းရင်းသားတွေ အားလုံးက အာဏာရှင်စနစ်ကို စုစုစည်းစည်းနဲ့ တွန်းလှန်မှုက တကယ့်အောင်အတိတ် အောင်နမိတ်၊ စစ်အာဏာရှင်တော်လှန်ရေးအတွက် အောင်အတိတ်ပါပဲ။ အားလုံး စစ်အာဏာရှင်ကို စုစည်းတော်လှန်နေကြပြီ” ဟု ပြည်တွင်းမှ ဝါရင့်နိုင်ငံရေးသမား တစ်ဦးက ပြောဆိုသည်။

ယမန်နေ့ ချင်းပြည်နယ်၊ ပလက်၀တွင် စစ်တပ်က ရဟတ်ယာဉ်တစ်စင်း ဆင်း သက်စဉ် AA က ပစ်ခတ်ကြောင်း၊ စစ်တပ်ဘက်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည် ပစ်ခတ်ကြောင်း၊ ရဟတ်ယာဉ် ပြန်လည် ထွက်ခွာချိန်တွင် ပစ်ခတ်မှုများ ပြန်လည် ငြိမ်သက်သွားကြောင်း သိရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article