ရန်ကုန်၊ မေ ၁၆
ရန်ကုန်တိုင်း သန်လျင်တွင် မီတာဖတ် EPC ဒုလက်ထောက်ကြီးကြပ်ရေးမှူး ယနေ့ ပစ်ခတ်ခံရ၍ သေဆုံးသွားပြီး ခရမ်းတွင်လည်း သွေးသောက်အဖွဲ့ဝင်နှင့်စစ်တပ်ပေးဟုသတ်မှတ်ခံရသူများ ပစ်ခတ်ခံရကာ ၂ ဦးသေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ရန်ကုန်တိုင်း ၊သန်လျင်မြို့ ၊အမှုထမ်းရပ်ကွက်ထဲတွင် ယနေ့ နံနက်ပိုင်း မီတာစာရွက် လိုက်ဝေနေသော သန်လျင် EPC မှ ဒုလက်ထောက်ကြီးကြပ်ရေးမှူး ပစ်သတ်ခံရကြောင်း ၊ စစ်တပ်က သန်လျင်တံတားကို ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း ၊ သန်လျင်မြို့နယ် လမ်းဆုံလမ်းခွများတွင်လည်း ပိတ်ဆို့ စစ်ဆေးကြောင်း သိရှိသည်။
အလားတူ ရန်ကုန်တိုင်း ခရမ်းမြို့နယ် ကမာကလူကျေးရွာရှိ သွေးသောက်အဖွဲ့ဝင်ဟု နာမည်ဆိုးဖြင့် ကျော်ကြားနေလျက်ရှိသော ငနိုင်နှင့် ၎င်း၏ တပည့်ဖြစ်သူတို့နှစ်ဦးကို ယနေ့နေ့လည် ၁ နာရီ ၁၅ မိနစ်ခန့်က အမည်အသိအဖွဲ့တစ်ခုက သေနတ် ၅ ချက်ပစ်ခတ်ခဲ့ရာ ၁ ဦးသေဆုံးကြောင်း ၊သွေးသောက်အဖွဲ့ဝင် ငနိုင်ဆိုသူက ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ယနေ့မနက် ၁၁ နာရီ ၄၀ မိနစ်ခန့်ကလည်း ခရမ်းမြို့ဂွေးပင်ချောင်ကျေးရွာရှိ ဒလန်အောင်ကျော်မြင့်ဦး(ခ)ကုလားဆိုသူ ပစ်သတ်ခံရပြီး နေရာမှာတင်ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ခရမ်းမြို့ဂွေးပင်ချောင်ကျေးရွာရှိ ဒလန်အောင်ကျော်မြင့်ဦး(ခ)ကုလားဆိုသူ ပစ်ခတ်ခံရစဉ်။