ရန်ကုန်၊ မေ ၁၇
မကွေးတိုင်း၊ ဆောမြို့နယ်ရဲတပ်ဖွဲ့မှ ရဲ ၂ ဦး လက်နက်နှင့်ကျည်အပြည့်အစုံယူဆောင်လာပြီး ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ CDM ဝင်ကာ ပြည်သူ့ဘက်တော်သားများအဖြစ် ပူးပေါင်းပါဝင်လာကြောင်း သက်ဆိုင်ရာ ဒေသကာကွယ်ရေးနှင့်အုပ်ချုပ်ရေးအဖွဲ့များထံမှ သိရှိရသည်။
မေလ ၁၆ ရက်နေ့ ရဲ ၂ ဦးက လက်နက်အပြည့်အစုံဖြင့် CDM ဝင်လာခြင်းဖြစ်ပြီး လတ်တလော လုံခြုံသည့်နေရာ ပို့ဆောင်ကာ ဆုကြေးငွေ ချီးမြှင့်မည်ဖြစ်ကြောင်း သိရှိရသည်။
မကွေးတိုင်းအတွင်းရှိ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြီးစိုးထားသော နေရာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ၏ အာဏာ လုံး၀ သက်ရောက်မှုမရှိတော့သည့် ဒေသတစ်ခုလည်းဖြစ်ကြောင်း သိရှိရသည်။