26 C
Yangon

သမိုင်းလမ်းဆုံ လုံခြုံရေးရဲကင်းတွင် ဗုံးကွဲပြီး ပစ်ခတ်မှုဖြစ်ပြီး ရဲ ၂ ဦးဒဏ်ရာရကာ သေဆုံးဖွယ်ရှိဟုဆို၊ အင်းစိန်လမ်းကို ပိတ်ထားပြီး လမ်းဆုံလမ်းခွများအားလုံးကို ပိတ်ဆို့စစ်ဆေးနေ

Must read

ရန်ကုန်၊ မေ ၁၇

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊သမိုင်းလမ်းဆုံရှိ စစ်ကောင်စီ၏ လုံခြုံရေးရဲကင်းတွင် ယနေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ဗုံးပေါက်ကွဲပြီး ပစ်ခတ်မှုဖြစ်ပွားကြောင်း ရဲ ၂ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“သမိုင်းလမ်းဆုံနားမှာ ကင်းတဲ ဗုံးကွဲတယ်။ ရဲ ၂ ဦးဒဏ်ရာရတယ်။ ဗိုက်ကို ပတ်တီးစည်းထားတယ်။ နောက်တစ်ယောက် ခြေထောက်ထိတယ်။ အခု လမ်းပိတ်ထားတယ်။ အင်းစိန်ဘက်ခြမ်းကို သွားမရတော့ဘူး။ သေနတ်နဲ့ပစ်တာလည်း ၁၄ ချက်၊ ၁၅ ချက်လောက်ရှိတယ်” ဟု သမိုင်းဒေသခံတစ်ဦးက ပြောသည်။

ခရီးသွားပြည်သူတစ်ဦးကလည်း ရဲတစ်ဦး ဒဏ်ရာ အပြင်းအထန်ရရှိထားပြီး လူနာတင်ကားဖြင့် တင်ဆောင်နေသည်ကို မြင်တွေ့ရသည်ဟုဆိုသည်။

“အခုခွေးကားတွေရောက်နေတယ်..အင်းစိန်ဘက်လမ်းကိုပိတ်ထားတယ်.ခွေးတွေကတော့လမ်းရှင်းနေတယ်။ အင်အားများတယ်.ဆေးရုံကားတွေက လာပြီးသွားပြီ” ဟု သမိုင်းလမ်းဆုံနားတွင် နေထိုင်သူ အခြားဒေသခံတစ်ဦးက ဆိုသည်။

လက်ရှိတွင် စစ်တပ်က ဘုရင့်နောင်အခြမ်း၊ ၈ မိုင်အခြမ်း၊ လှည်းတန်းဘက်အခြမ်းနှင့် အင်းစိန်ဘက်အခြမ်းကို ပိတ်ဆို့စစ်ဆေးမှုများလုပ်ဆောင်နေသည်ဟု သိရှိရသည်။

ဓာတ်ပုံ- သမိုင်းလမ်းဆုံ စီးတီးမတ်ရှေ့တွင် ဗုံးပေါက်ကွဲစဉ်က မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article