By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၁၈ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-စစ်ကောင်စီရဲ့ ဝင်ငွေရပေါက်ရလမ်း ဟူသမျှကို ပိတ်ပင်ဖို့ လိုအပ်ပြီး မြန်မာနိုင်ငံကို စီးပွားရေးအရ ဖြစ်စေ အားလပ်ရက် အပန်းဖြေဖို့ဖြစ်စေ လာဖို့ စဉ်းစားနေသူတိုင်းကို မလာကြဖို့နဲ့ သပိတ်မှောက် ကြဖို့ အတွက် လူ့အခွင့်အရေး လှုပ်ရှားသူများအဖွဲ့ဖြစ်တဲ့ Justice for Myanmar က တောင်းဆိုလိုက်ပါတယ်။
-စစ်ကောင်စီက လက်ရှိ ရခိုင်ပြည်နယ်မှာ ULA/ AAရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့အပြင် စစ်ရေး အရလည်း အင်အားတိုးချဲ့မှုဆက်တိုက်ရှိနေတဲ့အတွက် လက်ရှိအခြေအနေကြောင့် စစ်ကောင်စီနဲ့ တွေ့ဆုံ နွေးဆွေးရန်မဖြစ်နိုင်ဘူးလို့ ULA/AAရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။
-အကြမ်းဖက်စစ်တပ်ကို Chevron စွမ်းအင်ကုမ္ပဏီက ငွေမပေးဆောင်ရေး တောင်းဆိုဖို့ ပြည်သူ ၂ သိန်းကျော်ရဲ့လက်မှတ်တွေ အရေးပေါ် လိုအပ်နေပြီး ပြည်သူတွေ ပါဝင်လက်မှတ်ရေးထိုးကြဖို့ Blood Money Campaign က တောင်းဆိုလိုက်ပါတယ်။
-တနင်္သာရီတိုင်း ထားဝယ်မြို့ ပကာရီ-ဆီပင်ကောက်လမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက် စစ်တပ်ကို မေလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်မှာ ထားဝယ် PDF တပ်ဖွဲ့က မိုင်းဆွဲ ပစ်ခတ် တိုက်ခဲ့ကာ စစ်သား ၂၀ ဦးသေဆုံးခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက် ထားပါတယ်။