ရန်ကုန်၊ မေ ၁၉
မြစ်ကြီးနားမြို့တွင် တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ မေလ ၁၉ ရက်နေ့၌ “မကျေသော အကြွေး ဆပ်ရန်ချီတက်ခဲ့ပြီ” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်အုပ်စုက သတ်မှတ်ခဲ့သည့် နိုင်ငံတော် အလံအား မီးရှို့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။