By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မေ ၂၀ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-မကွေးတိုင်း၊ ကျောက်ထုမြို့မှာ စစ်ကောင်စီဝန်ထမ်းတွေ ဧပြီလကစလို့ လစာမရတော့ဘူးလို့ ဝန်ထမ်းအသိုင်းအ၀ိုင်းဆီက သိရပါတယ်။
-ရခိုင်မှာ ပြဿနာဖြစ်လာရင် “စစ်တပ်ကို အဆိုးမဆိုနဲ့” လို့ AA ကို အကြမ်းဖက်စစ်တပ်က တုံ့ပြန်ပြောဆို လိုက်ပါတယ်။ ဒါအပြင်”လက်နက်ကိုင်ပဋိပက္ခရဲ့ အကျိုးဆက်ကို သူတို့ပဲ ခံစားရမယ်” လို့ အကြမ်းဖက် စစ်တပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းက ပြောပါတယ်။
– စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် တာတိုင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၁ဝ မိနစ်ခန့်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ပြည်သူ ၄ ဦးပွဲချင်းပြီး သေဆုံးကာ ပြည်သူ ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိတဲ့အပြင် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ ခင်ဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူ ဗိုလ်သံမဏိက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုပါတယ်။
-စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ပိဋိကတ်ကျေးရွာကို မနေ့မနက်ပိုင်းက မီးရှို့ဖျက်ဆီးနေတဲ့အကြမ်းဖက် စစ်တပ်ကို Khin U People Defense Force တပ်ဖွဲ့က ဒရုန်းနဲ့ဗုံးကျဲပြီး ၄၀ မမနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ သတင်းအပါ အဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။