22 C
Yangon

Khit Thit သတင်းဌာန၏ မေ ၂၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ မေ ၂၁ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ခင်ဦးဘက်ကရွာတွေကို အကြမ်းဖက်စစ်တပ်က မနေ့ကမီးတင်ရှို့လို့ ဒေသခံ ပြည်သူတွေ ထွက်ပြေးနေရပါတယ်။
– ရခိုင်ပြည်နယ်မှာ စစ်ဖြစ်တာထက်ဆိုးတဲ့ ပြည်သူတွေ ငတ်ပြတ်အောင် စစ်တပ်က လုပ်နေတာဟာ ပိုပြီး ခံရခက်စေတယ်လို့ AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက စစ်တပ်ကို တုံ့ပြန်ပြောဆိုလိုက်ပါတယ်။
-စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပေါက်ချောင်းရွာကို အကြမ်းဖက်စစ်တပ်က မေလ ၁၉ ရက်နေ့ ညပိုင်းမှာ မီးရှို့ဖျက် ဆီးခဲ့တာကြောင့် ပြည်သူပိုင်နေအိမ် ၂၅ လုံး မီးလောင်ပြာကျခဲ့ပါတယ်။
– မကွေးတိုင်း၊ ပခုက္ကူမြို့လယ်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်အစောင့်စစ်တပ်ကို PDF က ဝင်ရောက် ပစ်ခတ် ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article