25 C
Yangon

ခင်ဦးမြို့နယ်၊ အင်တိုင်းလေးကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်ပစ်ခတ်မီးရှို့၊ ပြည်သူ ၁၀ ဦးခန့် ပစ်သတ်ခံရပြီး နေအိမ် ၇၀ လုံးခန့် မီးလောင်ပျက်စီး

Must read

ရန်ကုန်၊ မေ ၂၁

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အနောက်ဘက်ရှိ အင်တိုင်းလေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့ မေလ ၂၀ ရက် နေ့လယ်တွင် ဝင်ရောက်ပြီး အပြစ်မဲ့ပြည်သူ ၁၀ ဦးခန့်ကို ပစ်သတ်ကာ မီးတင်ရှို့မှုကြောင့် နေအိမ် ၇၀ လုံးခန့် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

“အသက်ကြီးဘိုးဘွား ၇ ဦးနဲ့ အမျိုးသမီး ၁ ဦး ပစ်သတ်ခံထားရတယ်၊ အမျိုးသား ၂ ဦးကိုဆို မီးရှို့ထားတာ ဦးခေါင်းခွံပဲ ကျန်တယ်။ ရွာသားတွေ ရွာထဲပြန်ဝင်တော့ တွေ့ခဲ့တာ၊ ရွာထဲမှာ စစ်သားတွေက ကင်းပုန်းဝပ်နေတုန်းပဲ။ အကုန် ပြန်ပြေးလာရတယ်” ဟု ဒေသခံ ၁ ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အင်တိုင်းလေးကျေးရွာတွင် အကြမ်းဖက်စစ်တပ်၏ သတ်ဖြတ်ခြင်းခံရသူများ ထပ်ရှိနေနိုင်သေးကြောင်းနှင့် အနီးဝန်းကျင်ရှိ ရွာသစ်ကုန်းကျေးရွာတွင်လည်း အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများ တပ်စွဲထားကြောင်း ရမ်းသန်းပစ်ခတ်နေကြောင်း ဒေသခံက ဆက်လက်ပြောဆိုသည်။

မူးမြစ်အရှေ့ဘက်ကမ်းတွင် ရှိသော အင်တိုင်းလေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ယမန်နေ့ မေလ ၂၀ ရက်တွင် ဝင်ရောက်လာကာ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ရမ်းကားပစ်ခတ် မီးတင်ရှို့မှုများကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article