29 C
Yangon

စဉ့်ကူးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် မန္တလေး PDF တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးခန့် သေဆုံး၊ PDF ရဲဘော် အာကာစိုး ကျဆုံး

Must read

ရန်ကုန်၊ မေ ၂၁

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်ကြား မေလ ၂၀ ရက်နေ့တွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇ ဦးခန့်သေဆုံးကာ အများအပြား ဒဏ်ရာရကြောင်း မန္တလေး PDF က သတင်းထုတ်ပြန်သည်။

စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ် အင်အား ၃၅၀ ခန့်နှင့် လုံခြုံရေးယူထားသော မန္တလေး PDF ကြား ယမန်နေ့ တရက်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲများအတွင်း မန္တလေး PDF ရဲဘော် အာကာစိုး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးသည် စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် နွေဦးတော်လှန်ရေး အောင်မြင်ရေးအတွက် နိုင်ရာတာဝန် ကျရာနေရာမှ ပါဝင်ဆောင်ရွက်ပေးရန် မန္တလေး PDF က တိုက်တွန်းထားသည်။

ဓါတ်ပုံ – ကျဆုံးခဲ့သော ရဲဘော် အာကာစိုး

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article