ရန်ကုန်၊ မေ ၂၂
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် စစ်ကြောင်းထိုး၍ ပြန်လာသော စစ်တပ်ကို ယနေ့ နံနက်ပိုင်း PDF များက ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂၀ ထက်မနည်းသေဆုံးကြောင်း Eagle Army -HPDF က သတင်းထုတ်ပြန်သည်။
မေလ ၂၂ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန် Eagles Army၊ Tagung PDF ၊ MGZ PDF၊ Fox Army၊ KIA PDF များပူးပေါင်းကာ အင်ဒေါင်းရွာမှ စစ်ကြောင်းထိုး၍ပြန်လာသော စစ်တပ်ကို စောင့်ကြို၍ အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ကျော်ကျဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်တပ်သည် အထိနာ၍တွေ့ရာပြည်သူနေအိမ်များ၊ထွန်စက်များနှင့်ဆိုင်ကယ်များအားမီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း Eagles Armyက သတင်းထုတ်ပြန်သည်။
အလားတူ မေလ ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ် ကောင်စီတပ်နှင့် KNDF-B03/B-11/KA နှင့် ဖယ်ခုံ PDF တပ်ရင်း၂ ရဲဘော်တို့ ဖယ်ခုံမြို့ အရှေ့ဖက်ကမ်းဒေသ၊ ဆီးမီးလော့ရွာအဝင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နှစ်ဖက်ထိတွေ့မှုမှာ မီတာ ၃၀၊၄၀ သာကွာဝေးသော အနီးကပ်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား ၄ဦးမက ကျဆုံးနိုင်ကြောင်း ၊တိုက်ပွဲသည် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်တွင် အပစ်အခတ်ရပ်ဆိုင်းကြောင်း KNDF- B-03 က သတင်းထုတ်ပြန်ထားသည်။