ရန်ကုန်၊ မေ ၂၃
မြန်မာ့အရေး အလုပ်မဖြစ်သည့် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အမေရိကန်က စွန့်လွှတ်ရန် နှင့် စစ်ကောင်စီ၏ ဝင်ငွေရ လုပ်ငန်း MOGE ကို ပိတ်ဆို့အရေးယူရေး ဂျပန်ရောက် မြန်မာများ ဆန္ဒပြကြကြောင်း သိရှိရသည်။
ဆန္ဒပြတောင်းဆိုသူများက မေလ ၁၂ရက်နေ့နှင့် ၁၃ရက်နေ့တွင် ကျင်းပခဲ့သည့် U.S ASEAN Special Summit က အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို စွန့်ရန်တောင်းဆိုကြောင်း ၊ MOGE က လူသတ်လက်နက်အဖြစ် ရရှိနေသော သွေးစွန်းငွေများအတွက် အမြန်ဆုံး စီးပွားရေးပိတ်ဆို့မှု ချရန် တောင်းဆိုခြင်း၊ အမေရိကန်အနေဖြင့် ဂျပန်အစိုးရကို မြန်မာ့အရေးကို စစ်မှန်သည့် ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်ဆုံးပြန်လည်ရောက်ရှိရေးကို ယခုထက်ပိုမို၍ ဖိအားပေး sanction ချရန် တောင်းဆိုကြသည်။