ရန်ကုန်၊ မေ ၂၃
အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေး မေလ ၂၃ ရက် နံနက်တွင်စစ်ကိုင်းတိုင်း ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ၄၃၉ရက်မြောက်နေ့ ဆက်လက်ချီတက်ဆန္ဒပြကြသည်။
စစ်ကြောင်းသို့ ရန်ကုန်မှ ရဲဘော်ရဲဘက်တစ်ဦးနှင့် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းမှ ကော်မတီဝင်များ ပူးပေါင်းဝန်းရံကာ လူထုအား နိုင်ငံရေးတရားများ ဟောပြောခဲ့ကြောင်း သိရှိရသည်။



