25 C
Yangon

ဒီပဲယင်း၊ နဂါးတွင်းရွာတွင် တွင် စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့ခဲ့မှုကြောင့် နေအိမ် ၅၂ လုံး မီးလောင်ပြာကျ

Must read

ရန်ကုန်၊ မေ ၂၃

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်၊ နဂါးတွင်းရွာတွင် မေလ ၂၂ ရက်နေ့ စစ်တပ်က ဝင်ရောက် တပ်စွဲ မီးရှို့ခဲ့မှုကြောင့် နေအိမ် ၅၂ လုံးမီးလောင်ပြာကျခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စစ်တပ်က ကျေးရွာအတွင်း မေ ၂၂ ရက် တစ်ရက်လုံး တပ်စွဲ နေထိုင်ခဲ့ကာ ပြည်သူပိုင် နေအိမ်များကို စိတ်ကြိုက် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“နဂါးတွင်းမှာ ပင်မနေအိမ် ၄၅ လုံး မီရှို့ခံရပါတယ်။ မိဘအိမ်ဝန်းထဲ အိမ် ဆောက်နေသူ နေအိမ်အသေး ၇ လုံးနဲ့ စုစုပေါင်း နေအိမ် ၅၂ လုံး မီးလောင် ပြာကျသွားတယ်။ ဒေသခံ တော်တော်များကတော့ ရွာထဲကို ပြန်ရောက်နေပြီး မီး ငြိမ်းနေတယ်။ နဂါတွင်းမှာက အိမ်ခြံဝင်းတွေက အကျယ်ကြီး တစ်အိမ်နဲ့ တစ်အိမ်မီးမကူးဖို့ဆိုတာ မလွယ်ဘူး။ စစ်ခွေးတွေက တစ်အိမ်ချင်း သေချာရှို့သွားတာ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည် ရွာပြင်ရှိ နွားခြံပေါ်ကျရောက်ခဲ့ကာ အိမ် ၂ အိမ် ပျက်စီးပြီး နွား ၃ ကောင်သေဆုံးခဲ့ကြောင်း သိရသည်။

ထို့ပြင် နဂါးတွင်းရွာရှိ စစ်တပ် DSA အပတ်စဉ် ၅၃ မှ ဗိုလ်မှူး မျိုးငြိမ်းနိုင် (ငြိမ်း)၏ နေအိမ်ကို လည်း စစ်သားများက ဝင်ရောက် ဖျက်ဆီးခဲ့ပြီး ယင်းနေအိမ်ရှိ ခြင်တောင် အသစ် ၁ လုံးကို ချီးများပါချကာ နေအိမ် အတွင်းထဲသို့ လွှင့်ပစ်ထားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article