36 C
Yangon

ယင်းမာပင်နှင့် ဆားလင်းကြီးတွင် စစ်တပ်က ကျေးရွာများကို ဆက်တိုက် မီးရှို့ဖျက်ဆီး နေခြင်းကြောင့် ကျေးရွာ ၁၉ ရွာက ပြည်သူ ၁ သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးနေရ

Must read

ရန်ကုန်၊ မေ ၂၅

စစ်ကိုင်းတိုင်း ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်း မီးရှို့မှုများ ဆက်တိုက် ပြုလုပ်လာခြင်းကြောင့် ကျေးရွာ ၁၉ ရွာက ဒေသခံပြည်သူ ၁ သောင်းကျော်သည် မေလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တို့တွင် နေအိမ်များကို စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယင်းမာပင်မြို့နယ် အတွင်းရှိ အောင်ချမ်းသာ၊ စည်လှောင်၊ အောင်ချမ်းအေး၊ စည်လှောင်ချောင်း၊ မြရိပ်၊ မြစိမ်း၊ ရေကြည်ပင်၊ ရေကြည်ပင်ရွာသစ်၊ သဲတောကြီး၊ ရွှေပန်းခိုင်၊ ဆည်ထန်းတောကြီး၊ ရွှေပေကုန်း၊ ကျေးစာကျ၊ အုံတုံပင်၊ ဘိန်းနွယ်ချောင် စသည့် ကျေးရွာ ၁၅ ရွာနှင့် ဆားလင်းကြီး မြို့နယ် အတွင်းရှိ ရွာသာ၊ ဂုဏ်တော၊ ဒုန်းတော၊ ကံကုန်း စသည့် ကျေးရွာ ၄ ရွာမှ ပြည်သူ ၁ သောင်းကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရကြောင်း သိရသည်။

“မနေ့ကတည်း ကစပြီး ဒီနေ့အထိ ပြေးနေရတယ်။ စစ်ခွေးတွေက တစ်ရွာဝင် တစ်ရွာထွက်ကို မွှေနေတာ အခုပြေးနေရတဲ့ သူတွေထဲမှာ စစ်ခွေးတွေ ဝင်မွှေတဲ့ အနီးအနားရွာတွေက ပြည်သူတွေလည်း ပါတယ်။ အားလုံးပေါင်း ၁ သောင်းကျော် လောက်ရှိမယ်။ မိုးထဲရေထဲကို ပြေးနေရတာ သူတို့ အတွက် အကူအညီတွေလည်း လိုအပ်နေတယ်” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။

လက်ရှိချိန်တွင် အဆိုပါ ကျေးရွာ ၁၉ ရွာမှ ပြည်သူ ၁ သောင်းကျော်သည် အမိုးအကာ ပစ္စည်းများနှင့် စားသောက်ကုန်များ လိုအပ်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article