ရန်ကုန် ၊ မေ ၂၇
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ထန်းတောကျေးရွာကို ယနေ့ မေ ၂၇ ရက်နေ့ နံနက် ၆ နာရီခွဲမှ စတင်ကာ အကြမ်းဖက်စစ်ကောင်စီ တပ်များက မီးတင်ရှို့နေကြောင်း ဒေသခံများထံမှ သိရှိရသည်။
“အိမ်ခြေ ၃၀၀ နီးပါးရှိတဲ့ ရွာ ။ အိမ်ခြေ ၁၀၀ ကျော်လောက် ရှို့သွားတယ်။ ခွေးတွေက မနေ့ကတည်းက ရွာကို လာတပ်စွဲပြီး ဒီမနက် ရွာကို မီးတင်ရှို့နေတာပါ။ အိမ်တိုင်းကို တံခါးရိုက်ဖွင့်ပြီး ပစ္စည်းတွေ ယူသွားတယ် ” ဟု ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီတပ်များသည် ထန်းတောကျေးရွာ အရှေ့ဘက်ခြမ်းရှိ အိမ်ခြေ ၁၀၀ ကျော်ခန့်ကို မီးရှို့ပြီးနောက် နံနက် ၈ နာရီကျော်တွင် ရွာထဲမှ ပြန်လည် ထွက်ခွာသွားကြောင်း၊ ထို့နောက်မှ ရွာသားများက ရွာထဲ ဝင်ရောက် မီးငြှိမ်းသတ်ရကြောင်း ဒေသခံ များထံမှ သိရှိရသည်။