25 C
Yangon

ယင်းမာပင် လည်ငေါက်ရွာတွင် စစ်တပ်က တပ်စွဲပြီး ရွာလုံးကျွတ် မီးတင်ရှို့နေ အိမ်ခြေ ၂၀၀ ခန့် ပြာကျ၊ ရေဦး ဘိုရုံရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၂၈

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လည်ငေါက်ရွာတွင် အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်း တပ်စွဲပြီး ရွာလုံးကျွတ် မီးတင်ရှို့နေကာ ပြည်သူပိုင် နေအိမ် ၂၀၀ ခန့် မီးထဲပါသွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် လည်ငေါက်ရွာကို မေလ ၂၇ ရက်နေ့တွင် ဝင်ရောက် တပ်စွဲပြီး ယနေ့ မေလ ၂၈ ရက်နေ့ နံနက် ၁၂ နာရီကျော် ခန့်က စတင်ကာ မီးရှို့ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ မီးရှို့ဖျက်ဆီး ပြီးနောက် အကြမ်းဖက် စစ်တပ်သည် နံနက် ၄ နာရီခန့်တွင် လက်နက်ကြီးလက်နက်ငယ်များ ကျေးရွာအတွင်းပစ်ခတ်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီခန့်တွင် ဒုတိယအကြိမ် ထပ်မံ မီးရှို့ ဖျက်ဆီးနေကြောင်း သိရသည်။

“ဒီနေ့ နံနက် ၁၂ နာရီ ကျော်လောက်က စရှို့တာပါ။ အခု မွန်းလွဲ ၁၂ နာရီလောက်လည်း ထပ်ရှို့နေတယ်။ နံနက်က အထိတော့ အိမ်ခြေ ၂၀၀ လောက် မီးထဲ ပါသွားတယ်လို့ သိရပါတယ်။ အခု မွန်းလွဲ ထပ်ရှို့တာက မသိရသေးဘူး။ မီးက အခုထိ လောင်နေတုန်း စစ်ခွေးတွေ ရွာထဲက မထွက်သေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် လည်ငေါက်ရွာကို ဇန်နဝါရီလ ၅ ရက်နေ့ကလည်း ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၁ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ရေဦးမြို့နယ် ဘိုရုံရွာကို အကြမ်းဖက် စစ်တပ်က မေလ ၂၈ ရက်နေ့ နံနက် ၆ နာရီခန့်က ဝင်ရောက်စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာအတွင်းရှိ ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အတည်မပြုနိုင်သေးဘဲ ဒေသခံပြည်သူများ ထိခိုကမ ရှိမရှိကိုလည်း အတည်မပြု နိုင်သေးကြောင်း ရေဦး PDF တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Photo – ဇန်နဝါရီလ ၅ ရက်နေ့က အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးနေသော လည်ငေါက်ရွာကို အဝေးမှ တွေ့မြင်ရစဉ် (ပုံအဟောင်း)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article