32 C
Yangon

ကလေးမြို့တွင် ရဲစခန်းမှူး ဆိုင်ကယ် ဆီထည့်နေစဉ် ပစ်ခတ်ခံရပြီးသေဆုံး၊ မင်းတပ်တွင် စစ်သားအချင်းချင်း ပစ်ခတ်ကြရာမှ စစ်သား ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၃၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တာဟန်းရပ်ကွက်တွင် ရဲစခန်းမှူးတစ်ဦး ဆိုင် ကယ် ဆီထည့်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်အချိန်အတွင် ရဲပစ်ခတ်ခံရခြင်းဖြစ်ပြီး ဦးခေါင်းတည့်တည့် ပစ်ခတ်သွားသဖြင့် ပွဲချင်းပြီးသေဆုံးကြောင်း သိရှိရသည်။

“အရပ်ဝတ်နဲ့ ဆီလာထည့်တုန်း အပစ်ခံရတာ။ ပွဲချင်းပြီးသေပါတယ်။ အဲဒီ အနား ကို လူငယ်တွေ မသွားကြဖို့ လူမှုကွန်ရက်မှာ နှိုးဆော်နေတာ လည်း တွေ့ တယ် ။ စခ တွေက ရမ်းသမ်းဖမ်းပြီး သတ်ဖြတ်တာတွေ လုပ်မှာ စိုးရိမ် ရတယ်” ဟု ကလေး ဒေသခံတစ်ဦးက ပြောဆိုသည်။

ဒေသတင်းရင်းမြစ် Zalen ကလည်း ရဲစခန်းမှူး ပစ်ခတ်ခံရပြီး သေဆုံး သွား သည်ဟု သတင်းဖော်ပြပြီး ကလေးမြို့၊ တာဟန်းရပ်ကွက် မူးယစ်ရဲ စခန်း မှ စခန်းမှူးဖြစ်ကြောင်း သတင်းဖော်ပြထားသည်။

အလားတူ ဇွန်လ ၂၉ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် ချင်းပြည်နယ်၊ ၄ မိုင် ကုန်းတွင် စစ်သားအချင်းချင်း စကားများ ရန်ဖြစ်ရာမှ ပစ်ခတ်မှုဖြစ်ပြီး စစ် သား ၃ ဦးသေဆုံးကာ ဒဏ်ရာရရှိသူများရှိကြောင်း CDF-Mindat သတင်း နှင့် ပြန်ကြားရေးဌာနက တရားဝင်သတင်းထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ပစ်ခတ်ခံရသည့် ရဲစခန်းမှူး သေဆုံးသွားစဉ်။

Photo- Zalen

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article