28 C
Yangon

ခင်ဦး မြင်းဒေါင်းကျေးရွာအနီးတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် အသက် ၃ နှစ် အရွယ် သမီးငယ်နှင့် ဖခင် ကျည်ထိမှန်၊ ဆားလင်းကြီးတွင် စစ်တပ်က လမ်းပြအဖြစ် ခေါ်ဆောင်ပြီး သတ်ဖြတ်ခဲ့သည့် ကိုဝင်းအောင် ရုပ်အလောင်း ပြန်တွေ့

Must read

ရန်ကုန်၊ ဇွန်၃၀

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်ရှိ မြင်းဒေါင်းကျေးရွာအနီးတွင် သာဂရ ကျေးရွာ အနီးရှိ တံတားစောင့် အကြမ်းဖက် စစ်ကောင်စီတပ်သားက ဇွန်လ၂၉ရက်နေ့ နံနက် ၉နာရီကျော်အချိန်တွင် ပစ်ခတ်မှုကြောင့် ၃ နှစ်အရွယ် သမီးငယ် လေးတစ်ဦးနှင့် ဖခင်ဖြစ်သူတို့ သေနတ်ကျည်ထိမှန်ခဲ့ကြောင်း ၊ ကလေးငယ် မှာ ရရှိဒဏ်ရာဖြင့် စိုးရိမ်ရကြောင်း သိရှိရသည်။

“သူတို့က မြင်းဒေါင်းကို ဈေးဝယ်လာတယ်လို့အကြောင်းပြပြီး ရွာသားတွေကို စစ်ဆေးတာတွေလုပ်တယ်။အဲဒီလိုလုပ်ပြီးတော့ သေနတ်တွေ ရမ်းပစ်တာ တွေလုပ်တယ်ဗျ။အဲဒီလိုပစ်ခတ်လို့ ကလေးချီမပြီး လမ်းလျှောက်နေတဲ့ သားအဖ နှစ်ဦးကျည်ထိမှန်ခဲတယ်။ ကလေးအဖေက နားရွက်ဖောက် ထွက်ပြီး ကျည်ထိမှန်တယ်။ ကလေးကတော့ မိန်ကလေးပါ။လည်ချောင်း ဖောက်ထွက် ဒဏ်ရာရတယ်” ဟု ခင်ဦးမြို့နယ် ဒေသခံတစ်ဦးက ပြောကြားသည်။

စစ်တပ်က ပစ်ခတ်ပြီးနောက် မြင်းဒေါင်းရွာအတွင်းသို့ ဝင်ရောက်ကာ Good Day ကုန်စုံဆိုင်ရှိ 8k/9538 လိုက်ထရပ်ကားနှင့် ငွေ၂သိန်း၊လက်စွပ်တစ်ကွင်း၊လက်ကိုက်ဖုန်းများကိုလည်း လုယက်ယူဆောင်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ဖောင်းကတာရွာသား ကို ဝင်းအောင် ကို အကြမ်းဖက် စစ်တပ်က လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီး သတ်ဖြတ် ထားခဲ့သည့် ရုပ်အလောင်းကို ဇွန်လ ၂၉ ရက်နေ့တွင် ပြန်လည် တွေ့ရှိခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ဖောင်းကတာ ကျေးရွာကို ဇွန်လ ၂၄ ရက်နေ့ ဝင် ရောက် စီးနင်းစဥ်၌ ကိုဝင်းအောင် ဆိုသူလည်း ဖမ်းဆီး ခံရပြီး လမ်းပြအဖြစ် ခေါ်ဆောင်သွားကာ ဇွန်လ ၂၉ ရက်နေ့တွင် စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းကို ဝမ်ပေါင်ကုမ္ပဏီ တောင်ဘက်နှင့် ဆည်တဲရွာသစ် မြောက် ဘက် လယ်တီ အနောက်ဘက်တွင် ပြန်လည် တွေ့ရှိ ခဲ့ခြင်း ဖြစ်​ကြောင်း သိရသည်။

” မနေ့က ပြန်တွေ့တာ စီမံကိန်းနယ်မြေ (ဝမ်ပေါင် ကုမ္ပဏီ) တောင်ဘက်နဲ့ ဆည်တဲရွာသစ် မြောက်ဘက် လယ်တီ အနောက်ဘက် ဘောင်ဘေးမှာ တွေ့ခဲ့ တာ သူပျောက်ဆုံးသွားတာက ၂၄ ရက်နေ့ ဖောင်းကတာမှာ စစ်ကြောင်း ဝင် တော့ သူဖမ်းခံရတာ ရုပ်အလောင်းမှာ ကြိုးတွေတုပ်ထားတာတော့ တွေ့ တယ်။ အလောင်းက မပီတော့ဘူး။ ပုပ်ပွပြီးတော့ အရိုးတွေတောင် ပေါ်နေပြီ ဘယ် လို ပုံစံသတ်ခံရတာလဲ ဆိုတာတော့ ပြောဖို့ခက်တယ်။ တော်တော်ကို ရုပ်ပျက် ဆင်းပျက် ဖြစ်နေတာ အလောင်းတောင် ကောက်လို့မရတဲ့ အနေ အထား ဖြစ်တော့ အဲ့နေရာမှာတင်ပဲ မီးသင်္ဂြိုလ်လိုက်ရတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- ဆားလင်းကြီးမြို့နယ် ဖောင်းကတာရွာသား ကို ဝင်းအောင် ကို စစ်တပ်က လမ်းပြအဖြစ် ခေါ်ဆောင်သွားပြီး သတ်ဖြတ် ထားခဲ့သည့် ရုပ် အလောင်းကို သဂြိုလ်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article