29 C
Yangon

ထိုင်းနိုင်ငံဘက်သို့ စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ကျူးကျော်ဝင်ရောက် လာ ပြီးနောက် ထိုင်း F-16 တိုက်လေယာဉ် ၂ စီး ပျံသန်းပြီး ကင်းလှည့်၊   “ယင်းကဲ့သို့ ထပ်မံ မဖြစ်ပွားစေရ” ဟု မြန်မာလေတပ်စစ်ဦးစီးချုပ်က ထိုင်းလေတပ်စစ်ဦးစီးချုပ်ထံတွင်  ဝန်ချတောင်းပန် 

Must read

ရန်ကုန်၊ ဇွန် ၃၀ 

ထိုင်းနိုင်ငံဘက်သို့ အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ယနေ့ နံနက် ပိုင်း ကျူးကျော်ဝင်ရောက်ပြီးနောက်  ယင်းကဲ့သို့ ထပ်မံ မဖြစ်ပွားစေရ ဟု  မြန်မာလေတပ်စစ် ဦးစီးချုပ်က  ထိုင်းလေတပ်စစ်ဦးစီးချုပ်ကိုတောင်းပန်ကြောင်း ဘန်ကောက်ပို့စ်သတင်းစာက ယနေ့ သတင်းဖော်ပြရေးသားသည်။ 

ယနေ့ နံနက်ပိုင်း ထိုင်းစံတော်ချိန် ၁၁ နာရီကျော်ဝန်းကျင်တွင် မြန်မာစစ်တပ် ၏ တိုက်လေယာဉ် ၁ စီး ထိုင်းနိုင်ငံဘက်သို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ယင်းသို့ ဝင်ရောက်မှုကြောင့် ထိုင်းပြည်သူများ ထိတ်လန့်စွာ ထွက်ပြေးကြကြောင်း၊ ထိုင်းနိုင်ငံ၊ ဖုတ်ဖရမြို့နယ်မှ ကျောင်း ၂ ကျောင်းပိတ်လိုက်ရကြောင်း၊ ယင်းဖြစ်စဉ် ဖြစ်ပွားသည်နှင့်ထိုင်းလေတပ်မှ F-16 တိုက်လေယာဉ် ၂ စီး ချက်ချင်းစေလွှတ် ကင်းလှည့်ခဲ့ကြောင်း၊   ထိုင်းဝန်ကြီးချုပ်နှင့်ကာကွယ်ရေးဝန်ကြီး ပရာယွတ် နှင့် ထိုင်းတော်ဝင်လေတပ်အကြီးအကဲ  ACM Napadej Dhupatemiya တို့ဆွေးနွေးကာ ထိုင်းလေပိုင်နက်ကို ကာကွယ်ရေး ထိုင်းဝန်ကြီး ချုပ်က အမိန့်ပေးခဲ့ ကြောင်း ဘန်ကောက်ပို့စ်သတင်းက ဆိုသည်။ 

ယင်းနောက် ထိုင်းလေတပ် စစ်ဦးစီးချုပ် ACM Napadej Dhupatemiya က မြန်မာအကြမ်းဖက် စစ်ကောင်စီထံချက်ချင်း ဖုန်းဆက် အကြောင်းကြားခဲ့ပြီး မြန်မာလေတပ်စစ်ဦးစီးချုပ်က “ထိုကဲ့သို့ ထပ်မံ မဖြစ်ပွားစေရ”ဟုဝန်ချတောင်း ပန် သွားကြောင်း ဘန်ကောက်ပို့စ်သတင်းက ရေးသား ဖော်ပြထားသည်။ 

ဓာတ်ပုံ- ထိုင်းလေတပ် စစ်ဦးစီးချုပ် ACM Napadej Dhupatemiya။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article