36 C
Yangon

မြောင်နှင့် မင်းကင်းတို့တွင် တပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီးများ ပစ်ခတ် မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး 

Must read

ရန်ကုန်၊ ဇွန် ၃၀

စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ ရွှေပန်းကျေးရွာတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်တပ် အင်အား ၇၀ ခန့်ပါစစ်ကြောင်းကို CHU LDF တပ်ဖွဲ့က ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီ ၅၈ မိနစ်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့ကြောင်း CHU တပ်ဖွဲ့ထံမှ သိရသည်။ 

အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုကို Chaung U Local Defence Force (CHU LDF) မှ ရဲဘော် ၁၅ ဦးက လက်လုပ်Shotgun များဖြင့် ရွှေပန်းကျေးရွာအတွင်းသို့ ဝင်ရောက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်သားနှင့် ပျူစောထီး ၂ ဦးသေဆုံးခဲ့ကာ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ် တိုက်ခိုက် ခဲ့သော်လည်း LDF ရဲဘော်များ အောင်မြင်စွာ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။ 

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်တွင်းဒေသ ကျော်ရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ရွှေသမင်မုဆိုး အဖွဲ့က ဇွန်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ပစ်ခတ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ 

အကြမ်းဖက် စစ်တပ်မှ စစ်သား ၁ ဦးသည် စနိုက်ပါဖြင့် ပစ်ခတ် ခံရခြင်းဖြစ်ပြီး ပျူစောထီး ၃ ဦးသည် မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article