28 C
Yangon

ရန်ကုန်လှည်းတန်းပေ ၅၀ လမ်းတွင် စစ်တပ်က ဝင်ရောက်ရမ်းကားပြီး လမ်းဘေးစျေးသည်များ၏ စျေးဗန်းများကို မီးရှို့နေ၊ စျေးသည်များကို စစ်တပ်က ပါးနားများရိုက်နှက် 

Must read

ရန်ကုန်၊ ဇွန် ၃၀

ရန်ကုန်လှည်းတန်းပေ ၅၀ လမ်းတွင် စစ်တပ်က  ယနေ့ည ၈ နာရီခွဲအချိန်တွင် ဝင်ရောက်ရမ်းကားပြီး လမ်းဘေးစျေးသည်များ၏ စျေးဗန်းများကို မီးရှို့နေကြောင်း၊ စျေးသည်များကို ပါးနားရိုက်နှက်နေကြောင်း ဒေသခံများကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

“အခု စစ်တပ်က  စစ်ကား ၅စီး အင်အား၄၀နဲ့ဝင်တယ်။ စျေးဗန်းတွေ အကုန်မီးရှို့နေတယ်။ စျေးသည်တွေ ပြေးသူပြေး ၊ ငိုသူငိုပဲ။ အခုတို့လမ်းထဲမှာ ဝရုန်သုန်းကား ဈေးဗန်းတွေပြေးသိမ်းသူပြေးသိမ်း  ၊ တွေ့ရာတွေ ကားပေါ်သယ်‌နေကြတယ် ၊ဈေးသယ်ပစ္စည်းတွေ လဲမီးပုံရှို့နေလေရဲ့ ၊ဈေးဗန်းတွေလဲ မှောက်ချနေတယ် ။လှည်းတန်း​ပေ၅၀လမ်းထဲမှာ ​စျေးသည်ပစ္စည်း​တွေစုပုံပြီး မီးရှို့​နေတာ။ အခုပါ။ မပြေးနိုင်လို့ မိတဲ့စျေးတွေကို ပါးနားတွေရိုက်နေတယ်” ဟု လမ်းသူလမ်းသား တစ်ဦးက ပြောဆိုသည်။ 

ရန်ကုန်ခေတ်သစ်ထံသို့ စစ်တပ်က ဝင်ရောက် သောင်းကျန်း ဖျက်ဆီးနေသော ဗီဒီယိုများကို ပြည်သူများက ပေးပို့ထားသော်လည်း ရိုက်ကူးသူ လမ်းသူလမ်းသားများ၏ လုံခြုံရေးအတွက် တင်ပြနိုင်ခြင်းမရှိပေ။ 

ဓာတ်ပုံ- လှည်းတန်းပေ ၅၀ လမ်းတွင် စျေးသည်များ၏ စျေးဗန်းများကို စစ်တပ်က မီးရှို့ပြီး ဖမ်းဆီးရမိသောစျေးသည်များကို ပါးနားများရိုက်နှက်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article