36 C
Yangon

အမျိုးသားညီညွတ်ရေးအစိုးရက ငွေလဲနှုန်းများ စတင်သတ်မှတ်ကြေညာ၊ NUG Pay ကိုယ်စားလှယ်များကို မြန်မာ၊ ထိုင်းနှင့်စင်ကာပူတို့တွင် စတင် ခန့်ထား

Must read

ရန်ကုန်၊ ဇွန် ၃၀

အမျိုးသားညီညွတ်ရေးအစိုးရNUG က မြန်မာကျပ်ငွေနှင့်နိုင်ငံခြားငွေလဲ လှယ် နှုန်းထားများကို ယနေ့တွင် စတင်သတ်မှတ် ကြေညာလိုက်ပြီး NUG Pay အတွက်လည်း ကိုယ်စားလှယ်များကို မြန်မာ၊ ထိုင်းနှင့်စင်ကာပူတို့တွင် စတင် ခန့်ထားကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။

NUGPay အသုံးပြုလိုပါက Agent များထံမှ Activation Code များကို ဝယ်ယူရရှိနိုင်မည် ဖြစ်ပြီး လက်ရှိ Pilot ကာလ၌ Agent တစ်ဦးသည် Wallet (၁၀) ခုကိုသာ ဖွင့်လှစ်ပေးသွားမည် ဖြစ်ကြောင်း၊ NUGPay သုံးစွဲသူများ အနေဖြင့် မိမိ Account ဖွင့်ထားသော Agent ထံ၌သာ Top-up code ဝယ်ယူခြင်း၊ ငွေဖြည့်သွင်းခြင်း၊ ငွေထုတ်ယူခြင်း တို့ကို ပြုလုပ်ရမှာ ဖြစ်ကြောင်း၊ စင်ကာပူ၊ ထိုင်းနှင့်မြန်မာ ဒေသ ၃ ခု တွင် အေးဂျင့်များစွာ ထားရှိပြီး ဖြစ်ကြောင်း ကြေညာထားသည်။

ထို့ပြင် ငွေလဲနှုန်းများကိုလည်း သတ်မှတ်ကြေညာသွားမည်ဖြစ်ကြောင်း တရားဝင် အသိပေးထုတ်ပြန်ထားသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article