26 C
Yangon

ကန့်ဘလူ ကိုးတောင်ဘို့ရွာတွင် စစ်တပ်နှင့် PDF တပ် များ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား၊ စစ်တပ်က ထိခိုက် သေဆုံးမှုများသောကြောင့် ရဟတ်ယာဥ်များဖြင့်ပါ ပစ်ခတ်

Must read

ရန်ကုန်၊ ဇွန် ၃

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဇွန်လ ၂ ရက်နှင့် ၃ ရက်နေ့တို့တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ၂ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားနေခြင်းပြီး စစ်တပ်က ထိခိုက် သေဆုံးမှု များပြားသောကြောင့် ယနေ့ မွန်းလွဲပိုင်းတွင် တိုက်ခိုက်ရေး ရဟတ်ယာဥ် ၃ စီးဖြင့် လာရောက် ပစ်ခတ်နေကြောင်း သိရသည်။

” ရဟတ်ကတော့ ပစ်နေတုန်းပါပဲ။ နောက်ထပ် စစ်ကြောင်း ၂ ကြောင်း လာပြီးတော့ အင်အားဖြည့် တိုက်ခိုက်နေပါတယ်။ ရဟတ်ယာဥ်က လာပစ်ရုံတင် မဟုတ်ဘူး ဗုံးလည်းချပါတယ်။ ဗုံးအလုံးပေါင်း ၂၅ လုံး ၃၀ လောက် ချပါတယ်။ ပစ်ခတ်တာတွေလည်း လုပ်ပါတယ်။ ဖြစ်နေတာက အခုချိန်ထိ ဖြစ်တုန်းပါ နံနက် ၇ နာရီထိုးကနေ စဖြစ်နေကျတာ လေယာဥ်ကတော့ ၂ နာရီ ထိုးလောက်ကနေ စရောက်တာ အခုချိန်ထိ ပစ်နေပါတယ်။ မြေပြင် အခြေအနေကတော့ အသေးစိတ် မသိရသေးဘူး။ စစ်ခွေး သေစာရင်းကတော့ မသိသေးဘူး။ စစ်ခွေးတွေ အထိုင်ချထားတဲ့ နေရာကို ကာကွယ်ရေး အဖွဲ့တွေ သိမ်းဖို့တော့ လုပ်နေတယ်။ ရွာထဲမှာ တိုက်ပွဲဖြစ်နေတာ ကျွန်တော်တို့ရွာကို စစ်ခွေးတွေ ဝင်စီးတာ ၂ လကျော်သွားပြီ တပ်စွဲထားတာ အဲတာကို ဒေသခံ ကာကွယ်ရေး အဖွဲ့က တိုက်ထုတ်နေတာ မနေ့ကမှ စတင်ပြီး တိုက်ပွဲဖြစ်တယ်။ သူတို့ အထိုင်ချထားတဲ့ နေရာကို ကာကွယ် ရေး အဖွဲ့တွေက ဝင်သိမ်းဖို့ လုပ်နေတာဆိုတော့ စစ်ခွေးတွေ အထိနာလို့ လေယာဥ်ပါ သုံးလာတာ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ကိုးတောင်ဘို့ရွာတွင် အကြမ်းဖက် စစ်တပ်က ၂ လ ကျော်ကြာ တပ်စွဲထားပြီး အနီးအနားဝန်းကျင်ရှိ ကျေးရွာများကိုပါ ဝင်ရောက် စီးနင်း ဖျက်ဆီးနေကြောင့် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက စစ်တပ် တပ်စွဲထားသော နေရာကို ဝင်ရောက် တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။

ဓါတ်ပုံ-အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article