32 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၄ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ နယ်မြေ၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာနဲ့ ထုံးဘိုလေး ကျေးရွာအနီးမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ကြား ဇွန်လ ၂ ရက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး ၁ ဦးအပါအဝင် ထိခိုက်သေဆုံးသူများပြီး ရုရှားပြန် ဗိုလ်ကြီး ကျော်ဇင်လတ်နဲ့ ဆေးတပ်ကြပ် ၁ ဦးကို အရှင်ဖမ်းမိတယ်လို့ KNLA သတင်းရင်းမြစ်ဆီက သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်မှာ စစ်ကားအကြီး ၃ စီးနဲ့ ထွက်ခွာလာတဲ့စစ်ကောင်စီယာဉ်တန်းကို စစ်ကိုင်း ခရိုင်တပ်ရင်း ၁နဲ့ မဟာမိတ်တပ်ဖွဲ့တွေက ဇွန်လ ၃ ရက်မှာ နေရာ ၂ နေရာမှာ ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၅၀ ကျော် သေဆုံးခဲ့တယ်လို့ စစ်ကိုင်းခရိုင်တပ်ရင်း ၁ က သတင်းထုတ်ပြန်ပါတယ်။
– ကျိုက်ထိုမြို့မှာ PDF တွေက ကျောင်းတွေကို တစ်ပတ်အတွင်း ဖောက်ခွဲရေးလုပ်မယ်လို့ သတင်း လွှင့်ကာ ပြည်သူနဲ့ တော်လှန်ရေးအင်အားစုများကြား သွေးခွဲတဲ့စစ်ကောင်စီတပ်ကို ဘုံရန်သူအဖြစ် သတ်မှတ် ချေမှုန်းသွားမယ်လို့ ကျိုက်ထို Revolution Force – KRF က ထုတ်ပြန်ပါတယ်။
– ချင်းပြည်နယ် ကန်ပက်လက်မြို့မှာ အကြမ်းဖက်စစ်တပ်က ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက ဒေသခံပြည်သူ ကိုကီးတမ် ကို ဖမ်းဆီးပစ်သတ်ခဲ့ပြီး မိသားစုဆီကို အလောင်းပြန်မပေးတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article