35 C
Yangon

ဂန့်ဂေါတွင် စစ်ကြောင်းထိုးနေသော စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ပြီး စစ်သား သေဆုံးမှုများနိုင်၊ စစ်တပ်က ယာဉ်တန်းဖြင့် လှည့်လည်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ

Must read

ရန်ကုန်၊ ဇွန် ၄

မကွေးတိုင်း၊ ဂန့်ဂေါတွင် စစ်ကြောင်းထိုးနေသော စစ်ယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ပြီး စစ်သား သေဆုံးမှု များနိုင်ကြောင်း၊ စစ်တပ်က စစ်ယာဉ်တန်းဖြင့် လှည့်လည်ကာ ကျေးရွာများကို မီးရှို့ဖျက်ဆီးနေကြောင်း‌ ဒေသကာကွယ်ရေးတပ်များနှင့် ဒေသခံများထံမှ သိရှိရသည်။

ဇွန်လ ၂ ရက်နေ့ င် ကျော က.ပ.စမှ ထွက်လာသော စစ်ကောင်စီယာဉ်တန်းကို PEOPLE DEFENCE FORCE-HTILIN (YRPA)က ခြုံခိုပျောက်ကျားနည်းဖြင့် နံနက် ၉ နာရီ ၃၀ မိနစ်မှ ၉ နာရီ ၄၅ မိနစ်အထိ ၁၅ မိနစ်ခန့် တိုက်ခိုက်ပြီး ပြန်လည် ဆုတ်ခွာခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ အထိအခိုက် သေဆုံးမှုများရှိနိုင်သော်လည်း အရေအတွက် မသိရသေးကြောင်း ၊ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားသော စင်းဇယ် ၊ရေပုတ်ကျေးရွာများအတွက် လက်တုံ့ပြန်တိုက် ခိုက်သွားမည်ဖြစ်ကြောင်း YRPA က သတင်းထုတ်ပြန်သည်။

ဇွန် ၂ ရက်နေ့မှာ ဂန့်ဂေါမြို့နယ် ကျောမြို့ ကပစ မှ စစ်သားများ ဂန့်ဂေါမြို့ဘက်ကို စထွက်လာစဉ် တင့်ကား အပါအဝင် စစ်ယာဉ်တန်း ၁၁ စီးကို စင်းဇယ်ကျေးရွာအနီးတွင် မိုင်းဆွဲကြောင်း ၊ စစ်သား ၃၀ နီးပါး သေဆုံးနိုင်ကြောင်း၊ ကျော ကပစ မှ နောက်ထပ် စစ်ကား ၄ စီး အကူလာပြီး စင်းဇယ်ရွာ နှင့် ရေပုတ်ရွာ မီးဝင်ရှို့ကြောင်း၊ စင်းဇင်မှ အိမ် ၄ လုံး၊ ရေပုတ်ကျေးရွာမှ အိမ် ၁၁ လုံး နှင့်တဲ ၄ လုံး မီးလောင်ပျက်စီးသွားကြောင်း သိရှိရသည်။

“သူတို့က ကားလမ်းဘေး မြင်ရတဲ့ တဲ တွေကို ဆင်းပြီး မီးရှို့တယ်။ နောက် အဲဒီစစ်ကား ၁၅ စီး ယာဉ်တန်းက ဂန့်ဂေါမြို့နယ် ညောင်လယ်ရွာ အနီးမှာ မိုင်းဆွဲခံရတယ်။ ညောင်လယ်ရွာကို သူတို့ဝင်တော့ ရွာထဲဝင်မွှေပြီး အိမ် ၂ လုံးကို မီးဝင်ရှို့တယ်။ ပြီရင် ညောင်လယ်ရွာမှာ ညအိပ်တယ် ကား ၁၅ စီး။ ဇွန် ၃ ရက်နေ့ မနက် ညောင်လယ်ရွာကနေ သူတို့ ထွက်မသွားခင် အိမ် ၁ လုံးကို မီးရှို့သွားသေးတယ်။ ညောင်လယ်ရွာက လူ ၁၀၀၀ ကျော်ကတော့ စစ်ရှောင် နေရတယ်။ ကျော ကပစ ကနေ စစ်ကား အစီး ၅၀ ကျော် ဂန့်ဂေါဘက်ကို ဆက်ထွက်လာတယ်။ အခု ညောင်လယ်ရွာ ဘေးက ခေါင်းတုံရွာမှာ စခန်းချနေကြတယ်။ ရှေ့ဆက် မသွားရဲကြတော့လို့။ ဂန့်ဂေါနယ် ခေါင်းတုံရွာမှာ ညအိပ်ပီး ည ၁၂ လောက်က လက်နက်ကြီးတွေနဲ့ ရမ်းပစ်နေတယ်။ ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဂန့်ဂေါ ခေါင်းတုံကျေးရွာကို စစ်တပ်က ဇွန်လ ၃ ရက်နေ့ ညပိုင်း မီးရှို့ပြီး အိမ်များမှ ပစ္စည်းများ ခိုးယူကြောင်း၊ လက်ရှိတွင် စစ်ကား အစီး ၆၀ ယာဉ်တန်းဖြင့် လှည့်လည် ဖျက်ဆီးမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုကြသည်။

“ခေါင်းတုံရွာမီးရှို့ခံရတာ။ ညက မီးတွေက တစတစ ကြီးလာတာ မြင်ရတယ်။ အဲဒီယာဉ်တန်းမှာ စစ်ကား အစီး ၆၀ ကျော်ပါတယ်။ လက်ရှိ ဂန့်ဂေါခရိုင်ထဲကို တက်တွေ တအား တိုးချထားတာ။ ခေါင်းတုံရွာက အိမ်တွေကို မီးရှို့နေကြတယ် ညက မီးခိုးလုံးကြီးတွေ ဒီအတိုင်းမြင်နေရတယ်။ ဂန့်ဂေါ အမြှောက်တပ်ကနေ ခေါင်းတုံ က တက်တွေကို လက်နက်ကြီးပစ်ကူပေးတယ်။ ဒါပေမဲ့ မိုင်းကြောက်လို့ အဲ့ကောင်တွေ ရှေ့မတိုးရဲတာ။‌ ဂန့်ဂေါနယ် ညောင်လယ်၊ ခေါင်းတုံ၊ လယ်မ၊ မဲ၊ ပြစ်မ ရွာက လူ ထောင်ချီ လက်ရှိမှာ စစ်ရှောင်နေရတာပေါ့။ ညောင်လယ်ရွာက လူတချို့ အသတ်ခံရတယ် ကြားတယ်။ နယ်မြေရှင်းလင်းရေး အမည်ခံပြီး အိမ်တွေက ပစ္စည်းတွေကိူ ခိုးတယ်။ ဖျက်ဆီးတယ်။ ညောင်လယ်ရွာထဲမှာ စစ်သားတွေ ကျန်ခဲ့သေးတယ်။ စစ်ရှောင်ပြည်သူတွေဆီကို လက်နက်ကြီးတွေနဲ့ ရမ်းထုနေတာ။ ရွာနားမှာ အရိပ်မြင်တာနဲ့ကို စစ်သားတွေ ပစ်တာ” ဟုဒေသခံတစ်ဦးက ဆက်လက်ပြောဆိုသည်။

ဓာတ်ပုံ- ဇွန်လ ၃ ရက်နေ့ ညပိုင်း ခေါင်းတုံကျေးရွာကို မီးရှို့မှု မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article