30 C
Yangon

ကျိုက်ထို၊ ဆွာမြို့၊ လှိုင်၊ သန်လျင်တို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနှင့် သတင်းပေးများ ပစ်ခတ်ခံရပြီး ၂ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၅

ကျိုက်ထို၊ ဆွာမြို့၊ လှိုင်၊ သန်လျင်တို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ပျူစောထီးနှင့် သတင်းပေးများ တိုက်ခိုက်ခံရပြီး ၂ ဦးထက်မနည်းသေဆုံးသွားကြောင်းဒေသခံများထံမှ သိရှိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ သုံးဂွကျေးရွာအုပ်စု ကျောက်ရေ တွင်းကျေးရွာ ပျူစောထီးအဖွဲ့ အကြံ ပေး အရာရှိ မီးလင်းရေးကော်မတီဥက္ကဋ္ဌ ခင်ဝင်းသည် ဇွန်လ ၄ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် တိုက်ခိုက်ခံရပြီး သေဆုံးသွားကြောင်း၊ ရှင်းလင်းမှုကို သိမ်ဇရပ် LPDF ၊ ရန်ကုန် UG Gods of Death(G.O.D)ပူးပေါင်းအဖွဲ့တို့က ပူးပေါင်းရှင်းလင်းခြင်းဖြစ်ကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ငါးကြီးကွေ့ကျေး ရွာအုပ်စု၊ ထောက်ကြန့်ကွင်းကျေးရွာ သမဝါယမ ရုံးအနီးတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးခင်မောင်၀င်းဆိုသူကို ယမန်နေ့ ညနေ ၆ နာရီ ၉ မိနစ်ခန့်အချိန် တောင်ငူခရိုင် PDF တပ်ရင်းအမှတ် ၃၅၀၁၊ တပ်ခွဲ ၃ က ပစ်ခတ်တိုက်ခိုက်ရာ ဒဏ်ရာရရှိပြီး‌ ဆေးကုသမှု ခံယူနေကြောင်း သိရှိရသည်။

တောင်ငူခရိုင် တပ်ရင်းအမှတ် ၃၅၀၁၊ တပ်ခွဲ ၃ ပြောရေးဆိုခွင့်ရှိသူက “ကျနော်တို့ ပစ်မှတ်နဲ့ အတူ ဇနီးသည်ကိုပါ တွေ့ပင်မဲ့ ပစ်မှတ်ကိုသာ ဦးတည် တိုက် ခိုက်ခဲ့တယ်၊ မဆိုင်တဲ့ သူကို လက်ဖျားနဲ့တောင် မထိခဲ့ပါဘူး၊ ‌သို့ပေမဲ့ နောက်တကြိမ် ပစ်မှတ်နဲ့ အတူ စစ်ကောင်စီကို ဆက်လက် သတင်းပေး၊ ထောက်ခံနေမယ်ဆိုရင်တော့ ညှာတာနေမှာ မဟုတ်တော့ဘူး ” ဟု ပြောဆိုကြောင်း Yedashae Township Information က သတင်းဖော်ပြသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေး ခင်မောင်ဝင်းသည် ပခုံးတဝိုက်တွင် နောက်မှ ကျည်ဆန် ဖောက်၀င်ဒဏ်ရာ၊ ၀မ်းဗိုက်အနီးတွင် ကျည်ဆန် ဖောက်၀င် ဒဏ်ရာများဖြင့် နေပြည်တော်တွင် ဆေးကုသမှု ခံယူနေပြီး ဒဏ်ရာပြင်းထန်ကြောင်း သိရှိရသည။

ထို့ပြင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၁ ရပ်ကွက်၊ အောင်မေတ္တာ ၅ လမ်းတွင် ဇွန် လ ၅ ရက်နံနက် ၇ နာရီ ၁၀ မိနစ်အချိန် ဆောက်လုပ်ရေးလုပ်ငန်းရှင်လည်းဖြစ် စစ်ကောင်စီခန့် ၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ အောင်ကျော်စိုး သည် အောင်မေတ္တာ (၅) လမ်းနေအိမ်ရှေ့တွင် လမ်းလျှောက်နေစဉ် ပစ်ခတ်ခံ ရပြီး သေဆုံးသွားကြောင်း သိရှိရသည်။

“သူ့အိမ်ရှေ့နား မလှမ်းမကမ်းမှာပဲ အပစ်ခံရတာ ။ သေနတ်သံ ၃ ချက်ကြားရတယ်။ ပွဲချင်းပြီး သေတာပဲ။ နည်းနည်းစောတော့ အပြင်မှာလည်း လူသိပ်မရှိသေးတဲ့အချိန် အပစ်ခံရတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ထို့ပြင် သန်လျင်မြို့နယ် ပုဂံတောင်ကျေးရွာမှ သွေးသောက်အဖွဲ့ခေါင်းဆောင် အောင်ငွေ၏ နေအိမ်ကို ယမန်နေ့ ဇွန်လ ‌ေ ရက်နေ့ ည ၁၀ နာရီ ၂၇ မိနစ်အချိန်တွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ သွေးသောက်အဖွဲ့ ခေါင်းဆောင် အောင် ငွေကိုဆေးရုံပို့လိုက်ရပြီး သွေးသောက်ခေါင်းဆောင်အပါအဝင် ၃ဦး ဒဏ်ရာ ပြင်းထန်ကြောင်း သန်လျင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တရားဝင် သတင်းထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article