ရန်ကုန်၊ ဇွန် ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့မှ မုံရွာ – မန္တလေး လမ်းမကြီးအတိုင်းထွက် ခွာလာသည့် အရပ်ဝတ် စစ်ကောင်စီတပ်သားများ မောင်းနှင်လာသော Prado အနက်ရောင် အရာရှိကား (၂) စီးကို PDF တပ်ပေါင်းစုက မိုင်းဆွဲတိုက် ခိုက်ရာ အရာရှိ ၁ ဦး အပါအဝင် စစ်သား ၄ ဦးသေဆုံးကြောင်း ဒေသကာကွယ် ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်သည်။
ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီး ချောင်းဦးမြို့နှင့် မြင်းမူမြို့အကြားတွင် Farmers Revolution Force FRF (CHU) တပ်ရင်း၊ မြောင်မြို့နယ်တော်လှန်ရေးတပ် (MRA)နှင့် ဗန္ဓုလညီနောင် တော်လှန်ရေးအင်အားစုများမှ ပူးပေါင်း၍ ပဒေသာမိုင်းများဖြင့်မိုင်းဆွဲတိုက် ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင် အရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီတပ်သား စုစုပေါင်း ၄ ဦး သေဆုံးသွားပြီး ၃ ဦးမှာ ဒဏ်ရာအပြင်း အထန်ရရှိသွားကြောင်း Farmers Revolution Force FRF (CHU) တပ်ရင်းက ပြောဆိုသည်။
အလားတူ ဇွန်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် မကွေးတိုင်း။ စေတုတ္တရာ မြို့နယ်၊ ဒုံချောင်းကျေးရွာနှင့်ထန်းကိုင်းကျေးရွာအကြား ငဖဲ-စေတုတ္တရာကားလမ်းတွင် ဆိုင်ကယ်ဖြင့် ကင်းပတ်နေသော စစ်ကောင်စီတပ်ဖွဲ့ကို လူတော်လှန်ရေးမဟာမိတ်အင်အားစု PRA-မကွေးနှင့် စေတုတ္တရာ PDF က ပူး ပေါင်းတိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးကြောင်း PRA- မကွေးက သတင်းထုတ်ပြန်သည်။
ဓာတ်ပုံ- ရန်ကုန်တွင် ပြည်သူများကို အကြမ်းဖက် သတ်ဖြတ်ခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်သည်)