ရန်ကုန်၊ ဇွန် ၇
မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်းပိုင်း၊ ကိုင်းလယ်ကျေးရွာနယ်မြေရဲစခန်းသိမ်းတိုက်ပွဲတွင် CAF-SPUPDF မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် ၂ ဦး ကျဆုံးကြောင်း သက်ဆိုင်ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဇွန်လ ၇ ရက်နေ့ နံနက် ၆ နာရီတွင် ပေါက်မြို့နယ်တောင်ပိုင်း ကိုင်းလယ်စခန်းရဲစခန်းကို PDF တပ်ပေါင်းစုက ဝင်ရောက် သိမ်းပိုက်ရာတွင် CAF-SPUPDF မြေလတ်ဒေသဆိပ်ဖြူမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်ရန်နိုင်မိုးနှင့်ရဲ ဘော် ကျော်ဇောလင်းတို့ ကျဆုံးကြောင်း၊ ယနေ့တွင်ပင် ၎င်းတို့ကို ဂုဏ်ပြု အခမ်း အနားဖြင့် သဂြိုလ်ကြောင်း သက်ဆိုင်ရာဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့ပေါက်မြို့နယ် ကိုင်းလယ်ရဲစခန်းသိမ်းပွဲတွင် ရဲတစ်ဦး အရှင်ဖမ်းမိပြီး ရဲအများအပြား ထွက်ပြေးသွားကြကြောင်း သိရှိရသည်။
ဓာတ်ပုံ- ကျဆုံး အာဇာနည်ရဲဘော်နှစ်ဦး၏ ဈာပနာ။



