33 C
Yangon

ချောင်းဦးတွင် စစ်တပ်နှင့် ပျူစောထီးများက PDF ရဲဘော် ၂ ဦးနှင့် ပြည်သူ ၆ ဦးကို ဖမ်းဆီး သတ်ဖြတ်

Must read

ရန်ကုန်၊ ဇွန် ၈

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာတွင် တပ်စွဲထားသော အကြမ်း ဖက် စစ်တပ်နှင့် ပျူစောထီးအဖွဲ့က ဇွန်လ ၇ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ချောင်းဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (CHU PDF) ရဲဘော် ၂ ဦးနှင့် ပြည်သူ ၆ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း CHU PDF တပ်ဖွဲ့ထံမှ သိရသည်။

ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်လုပ်ရေး ဌာနခွဲမှ ရဲဘော် ချမ်းကို၊ ရဲဘော် နန္ဒတို့သည် တပ်ဖွဲ့အတွက် ဝယ်ယူရေး တာဝန် ထမ်းဆောင်ရင်း ပြည်သူ ၆ ဦးနှင့်အတူ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ၏ ဖမ်းဆီး သတ်ဖြတ် ခံရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ချောင်းဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (CHU PDF)မှ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေးတွင် နိုင်ငံတော်နှင့် ပြည်သူ့ အကျိုးစီးပွား အတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရသောကြောင့် မိသားစုနှင့် ထပ်တူ ထပ်မျှ ဝမ်းနည်းရကြောင်း၊ ကျဆုံး အာဇာနည် ရဲဘော်များ ဆောင်ရွက် လက်စဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရေး တာဝန်ကို ကျန်ရစ်သူ ရဲဘော်များက ဆက်လက် ထမ်းဆောင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်ဟု ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article