27 C
Yangon

ကန့်ဘလူ၊ ဇော်ချောင်းကျေးရွာကို စစ်ကောင်စီက မီးတင်ရှို့၊ လွင်ကြီးကျေးရွာမှ ပြည်သူ ၁ ဦး စစ်တပ်၏ လက်နက်ကြီး ထိမှန်၍ ခြေထောက်ပြတ်

Must read

ရန်ကုန်၊ ဇွန် ၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇော်ချောင်းကျေးရွာကို အကြမ်းဖက်စစ်တပ်က ယနေ့ ဇွန်လ ၈ ရက် နံနက်တွင် ဝင်ရောက် မီးရှို့ဖျက်ဆီးနေပြီး လက် နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်နေမှုကြောင့် ဇော်ချောင်းရွာတောင်ဘက် မိုင်ဝက်ခန့်အကွာရှိ လွင်ကြီးကျေးရွာရှိ ပြည်သူ ၁ ဦး လက်နက်ကြီးထိမှန် ခြေထောက်ပြတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ဇော်ချောင်းရွာထဲကို စစ်တပ်က မနက် မိုးမလင်းခင်ကတည်းက ဝင်လာတာ၊ မီးရှို့တာကတော့ ၇ နာရီခွဲလောက်မှ ရှို့တာ၊ လက်နက်ကြီး ၆၀ မမ တွေ လည်း ပစ်နေတယ်၊ လွင်ကြီးကျေးရွာက အိမ် ၁ လုံးကို လက်နက်ကြီးကျတာ ဒေသခံ ၁ ယောက် ခြေထောက်ပြတ်သွားတယ်၊ လက်ရှိကတော့ စစ်သားတွေ ရွာထဲ ရှိနေတယ်၊ အခြေအနေ မသိရသေးဘူး ” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ဇွန်လ ၅ ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ကိုးတောင်ဘို့တိုက်နယ်ရှိ စစ်ကောင်စီစခန်းကို ဝင်ရောက်တိုက်ခိုက်စဉ် အကြမ်းဖက်စစ်ကောင်စီဘက်က ရဟတ်ယာဉ်များဖြင့် လာရောက်ပစ်ကူပေးမှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း၊ ယင်းနောက် စစ်ကောင်စီတပ်က ကိုးတောင်ဘို့ တိုက်နယ်အတွင်းရှိ ကျေးရွာများကို ဝင်ရောက်မီးရှို့နေခြင်းဖြစ် ကြောင်း သိရှိရသည်။

“ရဟတ်ယာဉ်မလာရင် ကိုးတောင်ဘို့စခန်းကို ကျနော်တို့ သိမ်းနိုင်တယ်၊ ရဟတ်ယာဉ် လာပစ်တော့ ပြန်ဆုတ်ရတာပေါ့နော်။ ၆ ရက်နေ့မှာ ကိုးတောင်ဘို့ အရှေ့က ကိုင်းမရွာကို စစ်တပ်နဲ့ ပျူတွေက မီးရှို့တယ်၊ နောက် ကိုးတောင်ဘို့ အနောက်ဘက်က ဇီးကနား၊ နှောကုန်း၊ ရှော်ဖြူကုံးရွာ တွေကို ဆက်ရှို့တယ်။ အားလုံးပေါင်း အိမ်ခြေ ၃၀၀ အထက် မီးလောင်တယ်၊ ကျနော်တို့လည်း အနားကပ်လို့မရတော့ အဝေးက ခန့်မှန်းရတာပေါ့နော်” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောသည်။

ဇွန်လ ၅ ရက်နေ့တွင် ဖြစ်ပွားသော ကိုးတောင်ဘို့ တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်က ရဟတ်ယာဉ် ၃ စီးဖြင့် လာရောက်ပြီး ၁ စီးက ပစ်ကူပေးကာ အခြား ၂ စီးက စစ်သားနှင့် ပျူစောထီးများ ကို လာရောက် ချသွားခဲ့ကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များက အနီးဝန်းကျင်သို့ စီးနင်းဝင်ရောက်ကာ ကျေးရွာများကို မီးရှို့ ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article