By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၈ ရက် နေလယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-ဘားအံထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ပိုင်က ခိုးဆိုး၊ လုနှိုက်၊ မူးယစ်အမှုတွေနဲ့ အကျဉ်းကျခံနေရတဲ့ ရာဇဝတ်သားတွေ နဲအတူတွဲထားဖို့ ဖိအားပေး လုပ်ဆောင်ရာကနေ နိုင်ငံရေး အကျဉ်း သားတွေ အကြမ်းဖက် ဖြိုခွင်းခံရပြီး၊ အယောက် ၆ဝ ထက်မနည်း ပြင်းထန် ဒဏ်ရာများ ရရှိခဲ့တယ်လို့ သိရပါတယ်။
-ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင် နဲ့ ကိုအောင်သူရဇော်တို့အပါ အဝင် သေဒဏ်စီရင်ဖို့ စစ်အုပ်စု ကြိုးပမ်းနေမှုဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်နေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။
– စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇော်ချောင်း-ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဒီကနေ့ ဇွန်လ ၈ ရက်နေ့ မနက်မှာ ဝင်ရောက် မီးရှို့ဖျက်ဆီးနေပြီး လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ် မှု ကြောင့်ဇော်ချောင်း-ရွာတောင်ဘက် မိုင်ဝက်ခန့် အကွာ၊ လွင်ကြီး-ကျေးရွာက ပြည်သူ ၁ ဦး လက်နက် ကြီးထိမှန် ခြေထောက်ပြတ်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ၊ ကံကြီးကုန်းရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ပျူစောထီးအဖွဲ့က ဇွန်လ ၇ ရက်နေ့ မနက် ၇ နာရီလောက်မှာ ချောင်းဦးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (CHU -PDF) က ရဲဘော် ၂ ဦး နဲ့ ပြည်သူ ၆ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။