26 C
Yangon

သထုံခရိုင်တွင် “ခုခံစစ်” အဆင့် လွန်မြောက်၍ “ဗျူဟာမြောက်တိုက်စစ်များ” ဖော်ဆောင်တော့မည်ဖြစ်ကြောင်း KNU တပ်မဟာ ၁ ဦးဆောင်သည့် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်မှုကော်မတီက အသိပေး

Must read

ရန်ကုန်၊ ဇွန် ၇

မွန်ပြည်နယ်၊ သထုံခရိုင် KNU တပ်မဟာ ၁ နယ်မြေတွင် ခုခံစစ် အဆင့် လွန် မြောက်၍ ဗျူဟာမြောက်တိုက်စစ်များ ဖော်ဆောင်တော့မည်ဖြစ်ကြောင်း KNU တပ်မဟာ ၁ ဦးဆောင်သည့် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်မှုကော်မတီက အသိပေးထုတ်ပြန်လိုက်သည်။

ယခုအခါတွင် မိတ်ဖက်များအနေဖြင့် “ဗျူဟာမြောက်ခုခံစစ်”အဆင့်အား လွန်မြောက်၍ စခန်းသိမ်းတိုက်ပွဲနှင့် နယ်မြေစိုးမိုးရေးတိုက်ပွဲများဆင်နွဲလာန်ိုင်သည့် “ဗျူဟာမြောက်မျှခြေ”အဆင့်သို့ တက်လှမ်းလာနိုင်ပြီဖြစ်ပြီး မကြာတော့သည့်အချိန်တွင် “ဗျူဟာမြောက်တိုက်စစ်”များ ဖော်ဆောင်လာနိုင်တော့မည်ဖြစ်ကြောင်း၊ လူထုအနေဖြင့် မိတ်ဖက်ရဲဘော်များခွန်အားဖြစ်စေမည့်စကားသော်လည်းကောင်း၊ အရေးကြီးသတင်းအချက်အလက်များအားသော်လည်းကောင်း(ဥမမာ-စစ်အုပ်စုနှင့်ဒေါက်တိုင်များ၏ လူပ်ရှားသွားလာမှု ကြိုတင်သိရှိရေး)၊လက်နက်၊ခဲယမ်းစသည်များအားလည်းကောင်း ကော်မတီသို့ဆက်သွယ်ထောက်ကူနိုင်ကြောင်း ကြေညာ အသိပေးထားသည်။

သထုံခရိုင်တွင် စစ်တောင်းတံတားမှ သံလွင်တံတား(မော်လမြိုင်)နှင့်သံလွင်တံတား(ဘားအံ)အကြားရှိ နယ်မြေဒေသဖြစ်ပြီး တော်လှန်လူထုဆိုသည်မှာ ကား အဓမ္မဝါဒီ စစ်အာဏာရှင်နှင့်အပေါင်းအပါများ၊ ဌင်းတို့၏ဒေါက်တိုင်များအား တွန်းလှန်ဖြိုချ၍ ဓမ္မဖြင့် အစားထိုးတည်ဆောက်လိုသူများအားရည်ညွှန်းကြောင်း၊ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လိူင်၏ ဖော်ဖော်ဝါရီ(၁)ရက် အဓမ္မအာဏာသိမ်းမုအပြီး မြန်မာပြည် အနှံ့အပြားမှ လက်နက်ကိုင်တော်လှန်လိုသူအချို့ ဤတပ်မဟာနယ်မြေတွင်း ဝင်ရောက်လာကာ တော်လှန်ရေးအဖွဲ့အစည်းများဖွဲ့စည်း၍ ရရာလက်နက်ဖြင့်စွဲကိုင်တော်လှန်လာကြကြောင်း ရှင်းလင်းပြောဆိုထားသည်။

ခရိုင်တပ်မဟာခေါင်းဆောင်များက ပြန့်ကျဲလျှက်ရှိသော တော်လှန်ရေးအင်အားစုများအားစုစည်း၍ ကြီးကြပ်ကွပ်ကဲမှုကော်မတီ တစ်ရပ် ထားရှိကာ ဘုံရန်သူအား စနစ်တစ်ကျတော်လှန်သွားနိုင်ရေးရည်ရွယ်ချက်ဖြင့်” KNUသထုံခရိုင် တပ်မဟာ (၁) မဟာမိတ်ရေးရာ ကြီးကြပ်ကွပ်ကဲမှုကော်မတီ”အား ယမန်နှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင်ဖွဲ့စည်းပေးခဲ့ပြီး KNUဗဟို၏လမ်းညွှန်ချက်အရ “KNUသထုံခရိုင်တပ်မဟာ(၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ”ဟု ပြောင်းလဲအတည်ပြုခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီတွင် ဦးဆောင်သူများအနေဖြင့်KNU /KNLA မြို့နယ်ဥက္ကဌများ နှင့်တပ်မှုးများ ၊CRPH/NUGမှ ကိုယ်စား လှယ်များ ကျန်အဖွဲ့စည်းများမှ ကိုယ်စားလှယ်များပါဝင်ပြီး ဆုံးဖြတ်ချက်များအားစုပေါင်းချမှတ်၍ စုပေါင်းတာဝန်ခံသည့်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ကော်မတီအနေဖြင့် တော်လှန်ရေးလုပ်ငန်းစဉ်များအား သိုသိပ်စွာဆောင်ရွက်ခဲ့ရာမှ မတ်လ ၂၀ ရက်နေ့ တွင်ကျင်းပသော KNU သထုံခရိုင်၊ ခရိုင်အလုပ်အမှုဆောင်အစည်းအဝေး ဆုံးဖြတ်ချက်အရ ကော်မတီဖွဲ့စည်းတည်ရှိမူအား လူထုသို့ချပြမိတ်ဆက်ရန်နှင့် ကော်မတီ၏Facebook page ထူထောင်၍ လူထုနှင့်ဆက်ဆံရေးတည်ဆောက်သွားနိုင်ရေး စတင်ဆောင်ရွက်လျက်ရှိကြောင်း မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကွဲမှု ကော်မတီက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- KNU တပ်ဖွဲ့ဝင်များ။

Photo – AFP။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article