29 C
Yangon

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် အိမ်ခြေ ၅၀၀ နီးပါးရှိ အလယ်ခုံကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေ

Must read

ရန်ကုန်၊ ဇွန် ၈

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်၊ အလယ်ခုံ ကျေးရွာကို အကြမ်းဖက်စစ်ကောင် စီ တပ်များက ယနေ့ ဇွန် ၈ ရက်နေ့ မွန်းလွဲပိုင်းမှ စတင်၍ မီးရှို့ ဖျက် ဆီးနေကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

“အလယ်ခုံကို ရှို့နေတယ်။ အလယ်ခုံက ရွာကြီးဗျ။ အိမ်ခြေ ၄၀၀ ၊ ၅၀၀ လောက် ရှိတယ်။ မနက်ကလည်း ဇော်ချောင်းကျေးရွာကို ရှို့ပြီးတော့ အလယ်ခုံကို ထပ်သွားပြီး ရှို့နေတာပါ။ ဇော်ချောင်းကတော့ တစ်ရွာလုံး ပါသွားပြီ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“မနက်က ဇော်ချောင်းကျေးရွာကိုမနက်ပိုင်းမှာမီးရှို့တယ်။ အခု နေ့လယ်ပိုင်းမှာ အလယ်ခုံကျေးရွာကို မီးဆက်ရှို့နေတယ်။ စစ်ခွေးအင်အား ၂၀၀ကျော်တယ်” ဟု အခြားဒေသသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် အလယ်ခုံရွာကို မီးရှို့နေပြီး နံနက်ပိုင်းမီးရှိုခံရသော ဇော်ချောင်းကျေးရွာ၏ အိမ်ခြေ ဆုံးရှုံးမှုကိုမူ ရွာထဲတွင် အကြမ်းဖက်စစ်ကောင်စီ တပ်များ ရှိနေသေးသည့်အတွက် မသိရသေးကြောင်း ဒေသခံများက ပြောကြားသည်။

ဇော်ချောင်းကျေးရွာအတွင်းမှ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်မှုကြောင့် ဇော်ချောင်းရွာတောင်ဘက် မိုင်ဝက်ခန့်အကွာရှိ လွင်ကြီးကျေးရွာမှ ပြည်သူ ၁ ဦး လက်နက်ကြီးထိမှန်ကာ ခြေထောက်ပြတ်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article