32 C
Yangon

ရေစကြိုမြို့နယ် သဲတောရွာကို အကြမ်းဖက်စစ်ကောင်စီ ဝင်ရောက်မီးရှို့ ဖျက်ဆီး၊ ပြည်သူ ၂၀ ဦးခန့်ကို ဖမ်းဆီးထား

Must read

ရန်ကုန်၊‌ ဇွန် ၉

မကွေးတိုင်း ရေစကြိုမြို့နယ် သဲတောရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ယနေ့ ဇွန် ၉ ရက် နံနက် ၆ နာရီခန့်က စ၍ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေပြီး ခန့်မှန်းခြေ ပြည်သူ ၂၀ ဦးခန့်ကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“တိုက်ပွဲမဖြစ်လိုက်ပါဘူး။ ရွာအဝင်မှာ လက်နက်ကြီးနဲ့ ပစ်ဝင်ပါတယ်။ ရွာထဲတော့ မဟုတ်ဘူး။ ရွာထဲရောက်ခါမှ သေနတ်တွေ ပစ်ဖောက် လက်နက်ကြီးတွေနဲ့ ပစ်။ အဲဒီလိုတွေ လုပ်နေပါတယ်။ မီးရှို့တာလည်း မီးအင်အား များပါတယ်။ ရွာသားတွေက ဝင်လာတော့ ပြေးကြပါတယ်။ တောထဲထိ လိုက်ရှာတာပါ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

ပြည်သူများသည် အကြမ်းဖက်စစ်ကောင်စီ ဝင်ရောက်စဉ်တွင် ထွက်ပြေးကြသည်ကို တောထဲထိ လိုက်လံ ဖမ်းဆီးခြင်းဖြစ်ကြောင်း ၊ လက်ရှိအချိန်တွင် ခန့်မှန်းခြေ ရွာသား ၂၀ ဦးခန့်ကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

သဲတောကျေးရွာသည် အိမ်ခြေ ၃၀၀ ဝန်းကျင်ခန့်ရှိပြီး လူဦးရေ ၂၀၀၀ နီးပါးခန့် ရှိသည့် ရွာကြီး ဖြစ်ပြီး အိမ်ခြေ မည်မျှ မီးလောင်ဆုံးရှုံးသည်ကို မသိရှိရသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article