25.1 C
Yangon

ရေစကြို၊ ဆင်ဖြူရှင်တံတားဂိတ်စခန်းကို PDFက တိုက်ခိုက်သိမ်းပိုက်ထားစဉ် စစ်ကူလာသော စစ်ကောင်စီကား တစ်စီး မိုင်း ၆ လုံးဆွဲခံရပြီး စစ်သား ၁၀ ဦး ပွဲချင်းပြီး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၉

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားဂိတ်စခန်းကို PDFက တိုက် ခိုက်သိမ်းပိုက်ထားစဉ် စစ်ကူလာသော စစ်ကောင်စီကား တစ်စီး မိုင်း ၆ လုံးဆွဲခံရပြီး စစ်သား ၁၀ ဦး ပွဲချင်းပြီး သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက သတင်းထုတ်ပြန်သည်။

ယနေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်အချိန် ဆင်ဖြူရှင်တံတားဂိတ်သို့ စစ်ကူလာသော စစ်ကားတစ်စီးကို ပရိမ်သာရွာအနီးတွင်မိုင်း ၆ လုံးဆွဲတိုက် ခိုက်ရာ ကားတစ်စီးလုံး စုတ်ပြတ်သွားပီး ကားပေါ်ပါသော စစ်သား ၁၀ ဦးခန့် နေရာတင် ပွဲချင်းပီးသွားကြောင်း၊ အများအပြားဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

မကွေး၊ ဆင်ဖြူရှင်တံတားဂိတ်စခန်းကို PDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်မှုတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၁ ဦးအရှင်ဖမ်းမိကြောင်း၊ လက်နက် ၈ ခု၊ ကျည်ဆန် ၁၀၀၀ ၊ ငွေကျပ်သိန်း ၁၁၀ ၊ ဆိုင်ကယ် ၄ စီးကိုလည်း သိမ်းဆည်းရမိကြောင်း PDF တပ်ပေါင်းစုက သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article