By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၁၁ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆင်က ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄ ဦးအားသေဒဏ်ပေးမှုကို ပြန်လည်စဉ်းစားသုံးသပ်ရန် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ မနေ့ကစာပေးပို့ တောင်းဆိုလိုက်တယ်လို့သိရပါတယ်။
– မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းက ကျေးရွာတစ်ရွာမှာ ဇွန်လ ၁၁ ရက်နေ့ကပြုလုပ်တဲ့ အာဏာရှင် တော်လှန်ရေးသပိတ်စစ်ကြောင်းအပြီးမှာ ဒေသခံပြည်သူတွေက PDFတွေ လက်နက်တပ်ဆင်ဖို့အတွက် ရွှေကလစ်တွေ၊ ရွှေနားဆွဲတွေ ၊ ရွှေနားကပ်တွေပါ ချွတ်ပြီးလှူဒါန်းခဲ့ကြတယ်လို့ BEGSC-MYAING သပိတ် အင်အားစုဆီကသိရပါတယ်။
– ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၅၅ ရပ်ကွက် ဝနဝသီလမ်းမှာ ရာအိမ်မှူးဟိန်းမင်းလတ်ကို အမည်မသိသေနတ်သမားတွေက ဇွန်လ ၁ဝ ရက်နေ့ မွန်းလွဲ၂နာရီလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ သေဆုံးခဲ့တယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်။
– မကွေးတိုင်း ရေစကြိုမြို့နယ် ဇရပ်နီရွာနဲ့ရွှေလှံရွာကြားမှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဇွန်လ ၉ ရက်နေ့မှာ ၂ ကြိမ် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။