28 C
Yangon

မုံရွာ လမ်းပေါ်တွင် ထင်သာမြင်သာ မိုင်ထောင်ထားမှု စစ်တပ်က လာရှင်းစဉ် ဖောက်ခွဲလိုက်ရာ စစ်သား ၂ ဦးသေဆုံး၊ တောင်သာ-မြင်းခြံ လမ်းပိုင်းတွင်လည်း ရဲကား မိုင်းဆွဲခံရပြီး မြို့နယ်မှူး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဇွန် ၁၃

စစ်ကိုင်းတိုင်း မုံရွာမြို့ ထန်းတောရပ် ရွှေဝါရောင်လမ်းတွင် မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသော စစ်ကောင်စီ တပ်ဖွဲ့များကို ယနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဖောက်ခွဲ တိုက် ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ကြောင်း DRPA မုံရွာမြို့ပြပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ ဖြတ်သန်းလေ့ရှိသော ရွှေဝါရောင်လမ်းပေါ်တွင် ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်များ မြင်အောင် မိုင်းထောင်ထားခြင်းဖြစ်ပြီး ၎င်းမိုင်းလာရှင်းစဥ်တွင် ဖောက်ခွဲ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို DRPA မုံရွာမြို့ပြပြောက်ကျားရဲဘော်များ၊ M.A.C.T ထောက်ပို့တပ်၊ Monywa Night King၊မဟာမိတ် တပ်ပေါင်းစုတို့ပူးပေါင်းကာ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း တောင်သာ-မြင်းခြံလမ်းပိုင်း တမံကြီးရွာနှင့် နန်းမြင့်ရွာ ကြားတွင် ရှေ့ပြေး ရဲတပ်ဖွဲ့ ပွိုင့်ကားကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၁၂ ရက်နေ့တွင် မိုင်း ၃ လုံးဖြင့် ဖောက်ခွဲခဲ့ကြောင်း TTA ပြောက်ကျား တပ်ဖွဲ့ထံမှ သိရသည်။

ယင်းတိုက်ခိုက်မှု ဖြစ်စဥ်ကြောင့် မြို့နယ်မှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ပြင်းထန် ဒဏ်များ ရရှိခဲ့ပြီး သေဆုံးသူရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မြေလတ်-PDF MGN District၊ Seven People Defense Force၊ TTAပြောက်ကျားတပ်ဖွဲ့(တောင်သာ)၊ 27Revolution force၊ Natogyi Regional Defense Force၊ The Value Of Young Men တပ်ဖွဲ့တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article