25 C
Yangon

စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်အစိုးရမှ ပြည်သူများကို အနိုင်ကျင့်မှုများရှိနေသည့်အတွက် လိုအပ်လျှင်ကိုင်တွယ်ရမည်ဟု AA မှပြော

Must read

ရန်ကုန်၊ဇွန် ၁၅

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံရခိုင်ပြည်နယ်အစိုးရသည် ရခိုင်ပြည်သူများအပေါ် အနိုင်ကျင့် ဗိုလ်ကျ မှုများရှိနေသည့်အတွက် လိုအပ်လျှင် ကိုင်တွယ်ရမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော် အေအေပြောခွင့်ရ ခိုင်သုခကပြောသည်။

ယမန်နေ့ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းကအထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်အစိုးရသည် ရခိုင်ပြည်သူများကို အနိုင်ကျင့်ဗိုလ်ကျမှုနှင့် ပြည်သူ့ဘဏ္ဍာငွေများကို အလွဲသုံးစားမှု အကျင့်ပျက် ခြစားမှုများ ထူပေါနေသည်ကို တွေ့ရကြောင်း ခိုင်သုခကပြောဆိုသည်။

ယင်းအပြင် စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့များတွင် ပါဝင်နေသည့် ရခိုင်လူမျိုးများကိုလည်း အချိန်နှင့်အချိန် အခါအရ သည်းခံစောင့်ကြည့်နေခြင်းဖြစ်ပြီး လိုအပ်လျှင် လိုအပ်သလို ကိုင်တွယ်ရလိမ့်မည်ဖြစ်ကြောင်း ခိုင်သုခက သတိပေးထားသည်။

လက်ရှိစစ်ကောင်စီ လက်အောက်ခံပြည်နယ်အစိုးရသည် ယခင်အစိုးရအဆက်ဆက်ထက်ပင် ပိုမိုဆိုးဝါးနေကြောင်း ရက္ခိုင့်တပ်တော် အေအေပြောခွင့်ရ ခိုင်သုခက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article