24 C
Yangon

ဝက်လက်မြို့နယ်၊ မဲကုန်းကျေးရွာတွင် နေအိမ်များကို စစ်တပ်က ဗုံးခွဲခြင်း၊ မီးရှို့ခြင်းများ လုပ်ဆောင်သည့်အပြင် ပြည်သူတစ်ဦးကိုပါ သတ်ဖြတ်သွား

Must read

ရန်ကုန်၊ ဇွန် ၁၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မဲကုန်းကျေးရွာတွင် ပြည်သူပိုင် နေအိမ်များ ကို စစ်တပ်က ဗုံးခွဲခြင်း၊ မီးရှို့ခြင်းများ လုပ်ဆောင်သည့်အပြင် ပြည်သူတစ်ဦး ကိုပါ သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန် ဝက်လက်မြို့နယ်၊ မဲကုန်းကျေးရွာကို စစ်တပ်က ၅ နေရာခွဲ၍ မီးတင်ရှို့ခဲ့ပြီး တိုက်ကြီးတိုက်ကောင်း နေအိမ်များကို ဗုံးပစ်၍ ဖောက်ခွဲဖျက်ဆီးကြောင်း၊ ဒေသခံပြည်သူတစ်ဦးကိုလည်း ရက် ရက် စက်စက် မီးရှို့သတ်ဖြတ်သွားကြောင်း သိရှိရသည်။

ယမန်နေ့က စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မဲကုန်းကျေးရွာအနီးတွင် အကြမ်း ဖက်စစ်တပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက မဲကုန်းကျေးရွာကို တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သားများကလည်း ရွာအတွင်းဝင်ရောက်ကာ နေအိမ်များကို ဗုံးပစ်သွင်း ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ရွာလုံးကျွတ် ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

“ရွာမှာ တိုက်ပွဲဖြစ်တာ မနက် ၉ နာရီလောက်ကပါ၊ PDF တွေက ခံပစ် သေး တယ်၊ စစ်တပ်က လေယာဉ်နဲ့ ဗုံး ၂ လုံး ချသွားတယ်။ စစ်သားတွေက ရွာထဲ ဝင် လာပြီးတော့ မီးရှို့တာ၊ တချို့အိမ်တွေဆို ဗုံးနဲ့ ဖောက်ခွဲတာ၊ အပြင်က ကြည့်ရင် ဘာမှ မဖြစ်သလိုနဲ့ အထဲမှာ ရစရာမရှိဘူး၊ ရွာလုံးကျွတ် ကုန်တယ်” ဟု ဒေသခံ ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

စစ်ကောင်စီက မဲကုန်းကျေးရွာကို တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးဖြင့် ပစ် ခတ်တိုက်ခိုက်ပြီး မီးတင်ရှို့ဖျက်ဆီးမှုကြောင့် နေအိမ်အားလုံးနီးပါး ပျက်စီးပြီး ဆုံးရှုံးမှုတန်ဖိုး အလွန်များကြောင်း သိရှိရသည်။

“တချို့အိမ်တွေဆို စပါးတင်း ထောင်ချီရှိတယ်၊ တချို့အိမ်တွေ ငါးရာ ကျော် တယ်၊ အကုန် ရှို့ခံရတာ၊ စပါးရိတ်စက်တွေလည်း အကုန်ရှို့သွားတာ” ဟု ဒေသ ခံက ဆက်လက်ပြောဆိုသည်။

ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ်သည် ဇွန်လ ၁၂ ရက်နေ့တွင် ဥယျာဉ်မရွာကိုလည်းကောင်း၊ ၁၃ ရက်နေ့တွင် တမာ ကုန်းရွာကိုလည်းကောင်း၊ ယနေ့တွင် မဲကုန်းကျေးရွာကိုလည်းကောင်း မီးရှို့ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article