By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၁၅ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– ဇွန်လ ၂၁ ရက်နေ့ကျင်းပမယ့် အာဆီယံ ကာကွယ်ရေး ဝန်ကြီး အစည်း အဝေးမှာ အကြမ်းဖက် စစ်ကောင်စီကို ဖိတ်ကြားခြင်းမပြုလုပ်ဖို့ မြန်မာ နဲ့ နိုင်ငံတကာ အဖွဲ့ ၆၇၇ ဖွဲ့တွေကလက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။
– အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရခိုင်ပြည်နယ် အစိုးရဟာ ရခိုင်ပြည်သူတွေအပေါ် အနိုင် ကျင့်ဗိုလ်ကျမှုတွေ ရှိတဲ့အတွက် လိုအပ်ရင် ကိုင်တွယ်ရမှာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောခွင့် ရပုဂ္ဂိုလ် ခိုင်သုခက ပြောပါတယ်။
-စစ်ကိုင်းတိုင်း၊ ကနီ၊ ရေဦး နဲ့ တန့်ဆည်မြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ အပေါင်းပါ ပျူစောထီး တွေက ရွာပေါင်း ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စစ်ဘေးရှောင် ပြည်သူတွေ အတွက်စားနပ်ရိက္ခာ အကူအညီတွေ အရေးပေါ် လိုအပ်နေတဲ့ သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။