ရန်ကုန်၊ ဇွန် ၁၅
လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ (APHR) ပါဝင် သည့် နိုင်ငံတကာလွှတ်တော်ဆိုင်ရာစုံစမ်းစစ်ဆေးမှု (IPI) ကော်မတီ က မြန် မာ နိုင်ငံမှ စစ်အာဏာသိမ်းမှုနှင့် ပတ် သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းထံ တိကျ ၍ အချိန်နှင့် ကိုက်ညီမှုရှိသည့် အကြံပြုချက်များ ပေးပို့နိုင်ရန် လူပုဂ္ဂိုလ် တစ်ဦးချင်းဖြစ်စေ ၊ အဖွဲ့အစည်းအနေနှင့် ဖြစ်စေ အကြံပြုချက် စာတမ်းများ တင်သွင်းနိုင်ကြောင်း IPI က ယနေ့ ဖိတ်ခေါ်လိုက်သည်။
APHR သည် မြန်မာနိုင်ငံအတွင်း ဆိုးရွားလာသည့် အခြေအနေပေါ် စိုးရိမ်မှု ရှိကြသည့် အာဖရိက ၊ အာရှ၊ အမေရိကနှင့် ဥရောပရှိ နိုင်ငံ ၇ နိုင်ငံမှ လွှတ် တော်အမတ် ၈ ဦးနှင့် နိုင်ငံတကာလွှတ်တော်ဆိုင်ရာစုံစမ်းစစ်ဆေးမှု (IPI) ကော် မတီကို ဖွဲ့စည်းခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံ တကာ၏ တုံ့ပြန်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ IPI ထံသို့ စာတမ်းရေးသား တင်သွင်းရန် ဖိတ်ခေါ်ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ရိုက်ခတ်မှုကြီးမားတဲ့ အကျပ် အတည်း အပေါ် တုံ့ပြန်မှုတွေက ဘယ်ကိုမှ ခရီးမြန်မြန်ရောက်ဖို့ မရှိပါဘူး။ ကျွန်မတို့ ဟာ လွှတ်တော်အမတ်တွေ ဖြစ်တာကြောင့် လက်ရှိ အကျပ်အတည်းကို အဆုံး သတ်နိုင်ဖို့ အစိုးရတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ ဒီထက် ပို လုပ်နိုင် စွမ်း ရှိတယ်၊ လုပ်ဖို့လည်း လိုအပ်တယ်ဆိုတာ သိနေပါတယ်။ ဒီကြားနာမှု တွေက နေ တစ်ဆင့် နိုင်ငံတကာ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး လိုအပ်ချက် ရှိနေ တာတွေကို မီးမောင်းထိုးပြနိုင်ဖို့နဲ့ မြန်မာစစ်အုပ်စုကို ထိရောက်တဲ့ ဖိအား ပေးနိုင်ဖို့ နောက်တစ်ဆင့် ဆောင်ရွက်နိုင်တဲ့ အရာတွေကိုနဲ့ ပတ်သက်ပြီး အ ကြံ ပြုချက်ပေးနိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု IPI ကော်မတီဥက္ကဌနှင့် ဥရောပ ပါလီ မန်ဒုဥက္ကဌ ဟေဒီဟောင်တလာက ပြောဆိုသည်။
စာတမ်းတင်သွင်းမှုကို မြန်မာနိုင်ငံအကျပ်အတည်း သက်ရောက်မှု ခံနေရသော မည်သည့်အစုအဖွဲ့နှင့် ပုဂ္ဂိုလ်မဆို စာတမ်းတင်သွင်းနိုင်ကြောင်း၊ စာတမ်းထဲ တွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသော အခြေအနေများအပြင် အာဏာ သိမ်း ပြီးနောက်ပိုင်း နိုင်ငံတကာ တုံ့ပြန်မှုများနှင့် ပတ်သက်သည့် အချက် အလက် များနှင့် သုံးသပ်ချက်များ ပါဝင်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စာတမ်းတင်သွင်းရာတွင် လိုက်နာရန် လိုအပ်သည့် လမ်းညွှန်ချက်များမှာ အကျဉ်း ချုပ်မိတ်ဆက်ခြင်း (ကျွမ်းကျင်မှုနယ်ပယ် သို့ ကိုယ်ပိုင်ဆက်စပ် အတွေ့အကြုံ) ၊ ကော်မတီက နောက်ဆက်တွဲ မေးခွန်းမေးရန် ဆက်သွယ် နိုင်မည့် လိပ်စာ (အချက်အလက်များကို လျှို့ဝှက်ထားမည်) ၊ စာတမ်းပါ အထောက်အထား၊ ပြောဆိုချက်နှင့် သုံးသပ်ချက်ကို ပံ့ပိုးမှု ဖြစ်မည့် တိကျ အသေးစိတ်ကျသည့် သတင်းအချက်များပါရန် ဦးစားပေး ဆောင်ရွက်ရန်၊ နိုင်ငံတကာအစုအဖွဲ့များ ဆောင်ရွက်သည့် လက်တွေ့လုပ်ငန်းပိုင်းဆိုင်ရာ အကြံပြုချက်များ ထည့်သွင်းဖော်ပြရန်၊ စာတမ်းသည် စာလုံးရေ ၂၀၀၀ ထက် မပိုဘဲ အရောင်၊ Logo မပါသည့် Microsoft Word ကဲ့သို့ တည်းဖြတ် ပြောင်းလဲနိုင်သော ပုံစံနှင့် တင်သွင်းပြီး စာတမ်းစာကိုယ်ထဲတွင် စာပိုဒ် တစ်ခုချင်းစီအတွက် စာပိုဒ်နံပါတ်များ တပ်ပေးရန်၊ စာတမ်းပင်မ စာကိုယ်ကို အထောက်အပံ့ဖြစ်စေသော မှတ်တမ်းအချက်အလက်များကို ပူတွဲဖိုင်များ အနေနှင့် တင်သွင်းရန် ဆိုသောအချက်များ ပါဝင်ကြောင်း သိရှိရသည်။
IPI ကော်မတီအနေနှင့် သက်သေအချက်အလက်များနှင့် သုံးသပ်ချက် များပါ သည့် တင်သွင်းမှုကို ကြိုဆို လက်ခံသွားဟု ဆိုထားပြီး –
၁ ၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံ အကျပ်အတည်းအပေါ် ၎င်းတို့၏ တုံ့ပြန်ဆောင်ရွက်မှုများကို ပိုမိုကောင်းမွန်အောင် မည်သို့ ဆောင် ရွက် နိုင်သနည်း။
၂ ၊ နိုင်ငံတကာအစိုးရများသည် မြန်မာနိုင်ငံ ဒီမိုကရေစီအတိုက်အခံများ၊ အရပ် ဘက်လူမှုအဖွဲ့အစည်းများ၊ တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်းများကို မည်သို့ ထိတွေံလက်တွဲဆောင်ရွက်ခြင်းနှင့် ပံ့ပိုးကူညီခြင်း ပြုလုပ်နိုင်/သင့်သနည်း။
၃၊ ဤအကျပ်အတည်းကို ဖြေရှင်းရာတွင် လက်ရှိအချိန်အထိ ကုလသမဂ္ဂ အနေ ဖြင့် မည်သို့ ပါဝင်ဆောင်ရွက်ခဲ့သနည်း။ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ တွင် ဖြစ်ပေါ်တိုးတက်မှု မရှိ ဖြစ်နေချိန်တွင် အခြားမည်သည့်အရာများ ဆောင်ရွက် နိုင်ပါသနည်း။
၄ ၊ ဤအကျပ်အတည်းကို ဖြေရှင်းရာတွင် လက်ရှိအချိန်အထိ အာဆီယံ အနေ ဖြင့် မည်သို့ပါဝင်ဆောင်ရွက်နေသနည်း။ အခြားမည်သည့်အရာများ ဆောင် ရွက် နိုင်ပါသနည်း။
၅ ၊ မြန်မာနိုင်ငံအခြေအနေအပေါ် လွှမ်းမိုးမှုပြုလုပ်ရန် အခြားမည်သည့် အစား ထိုးယန္တရားများ သို့မဟုတ် ဆောင်ရွက်ချက်များ ထည့်သွင်း စဉ်းစား သင့်ပါ သနည်း။
၆ ၊ ထိခိုက်နစ်နာသူများအတွက် တရားမျှတမှုရရှိရေး ပံ့ပိုးကူညီရန်နှင့် စစ် အုပ်စု ၏ ပြစ်မှုများအတွက် ပြန်လည်ကုစားမှုများ ပြုလုပ်ပေးရန် နိုင်ငံ တကာ အသိုင်းအဝိုင်းအနေဖြင့် မည်သို့ဆောင်ရွက်နိုင်သနည်း။
၇ ၊ လူသားချင်းစာနာမှုအကူအညီများသည် မြန်မာပြည်အတွင်းက လိုအပ် ချက်ရှိနေသူများထံသို့ မည်သည့်အတိုင်းအတာအထိ ရောက် ရှိနေသနည်း။ အကူအညီများ ထိရောက်စွာဖြန့်ဝေနိုင်ရန် မည်သို့ဆောင်ရွက်နိုင်သနည်း။
၈ ၊ မြန်မာဒုက္ခသည်များသည် မည်သည့်ကာကွယ်စောင်ရှောက်မှုများ ရရှိကြ သနည်း။ မည်သည့်အရာများ လိုအပ်နေသနည်း။
၉ ၊ အာဏာသိမ်းမှုကို မည်သည့်အရာက စေ့ဆော်ခဲ့ခြင်း ဖြစ်နိုင်သနည်း။ အာဏာသိမ်းမှုကို ဦးတည်စေခ့သော မြန်မာနိုင်ငံ အခင်းအကျင်းနှင့် အခြေ အနေဖန်တီးရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မည်သို့ သက်ဆိုင် ပါဝင်မှုရှိခဲ့သနည်း ။
စသည့် အချက် ၉ ချက်ပါ အကြောင်းအရာများနှင့် ပတ်သက်သည့် တင်သွင်းမှု ကို လက်ခံသွားမည် ဖြစ်ကြောင်း သိရှိရသည်။
စာတမ်းကို အင်္ဂလိပ်ဘာသာနှင့် ဖြစ်စေ မြန်မာဘာသာဖြင့် ဖြစ်စေ စာဖြင့် စာတမ်းရေးသား တင်သွင်းခြင်းကို လက်ခံသွားမည် ဖြစ်ကြောင်း၊ စာလုံးရေ အများဆုံး ၂၀၀၀၀ သာ ရှိရမည်ဖြစ်ပြီး စာတမ်းပြုစုသူသည် အမည်၊ ဆက်စပ် အဖွဲ့အစည်း ၊ မည်သည့်နိုင်ငံသား ဖြစ်ကြောင်း ထည့်သွင်း ဖော်ပြသင့်ကြောင်း သိရှိရသည်။
စာတမ်းကို [email protected] အီးမေးလ်သို့ ဇူလိုင် ၂၀ ရက်နေ့ နောက် ဆုံးထား ပေးပို့ရမည် ဖြစ်ကြောင်း ၊ စာတမ်းများကို ဇူလိုင် ၂၀ ရက်နေ့ နောက် ပိုင်းတွင် PDF ဖိုင် ပြုလုပ်ကာ ဝက်ဘ်ဆိုက်ပေါ်တွင် ပြန်လည် တင်သွားမည် ဖြစ်ကြောင်း ၊ အမည်ကို လျှို့ဝှက်စေလိုလျှင် ကြိုတင်အသိပေးနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ- NLD အစိုးရ လက်ထက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တွေ့ရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်။